ရန်ကုန် မတ် ၉

 

ကြည့်မြင်တိုင်မြို့နယ် ကျောင်းကြီးလမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အခြေခံအင်္ဂလိပ်စာ(အခမဲ့)သင်တန်းကို မတ် ၉ ရက်က ဖွင့်လှစ်သည်။

 

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဒေါ်ခိုင်ဇာလင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားပြီး သင်တန်းဆရာ ဦးလှသိန်းက Grammar ဝေါဟာရများကို မတ် ၉ ရက်မှ ဧပြီ ၃ ရက်အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်ဝင်းလေး(ကြည့်မြင်တိုင်)