လွိုင်ကော် ဖေဖော်ဝါရီ ၁၀

 

အခြေခံစက်ချုပ် နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

 

သင်တန်းဆင်းပွဲသို့ ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်မျိုးသန်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြနှင့် သင်တန်းသူများ တက်ရောက်ကြပြီး ထူးချွန်သင်တန်းသူအား လုပ်ငန်းသုံးအပ်ချုပ်စက်တစ်လုံး ပေးအပ်ချီးမြှင့်ပြီး သင်တန်းနည်းပြအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်သည်။

 

အဆိုပါ အခြေခံစက်ချုပ် နည်းပညာသင်တန်းကို ၂၆ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး ဒေသနေတိုင်းရင်းသူ အမျိုးသမီးများအတွက် စက်ချုပ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ မိသားစုဝင်ငွေ တိုးပွားရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

မေစု(ပြန်/ဆက်)