ကျိုက်မရော   ၁ မေ 


 
ယမန်နေ့ညနေပိုင်းက ကျိုက်မရောမြို့နယ်အတွင်းရှိ ဆင်းရဲချို့တဲ့သော အခြေခံလူတန်းစားများအတွက် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ဗဟို) နာယက ရွှေမြင့်မိုရ်ဓမ္မနန္ဒီဆရာတော်မှ တစ်အိမ်ထောင်လျင် ဆန် ၂ ပြည်၊ အုန်းနို့ ၂ ဘူး၊ ကြက်သွန်၊ ကော်ဖီမစ်၊ ဘီစကစ်၊ စားသောက်ဖွယ်ရာများနှင့် ရွှေမြင့်မိုရ်ကုမ္ပဏီမှ ဦးစိုးအောင်၊ မရွှေဇင်ထူး မိသားစုမှ တစ်အိမ်ထောင်လျှင် ဆန် ၄ ပြည် ဆီ၊ ဆား၊ အာလူး၊ ကြက်သွန်၊ အချိုမုန့်၊ အသားတုစသည့် စားသောက်ကုန်များကို လှူဒါန်းခဲ့ကြောင်း သိရသည်။  

 

ကျိုက်မရော မြို့နယ် ကလိုင်းကလိုင် အလယ်ရွာရှိ အိမ်ခြေ ၅၀ နှင့် အပေါ်ရွာရှိ အိမ်ခြေ ၂၀ စုစုပေါင်းအိမ်ခြေ ၇၀ နှင့် မိကသစ် ကျေးရွာရှိ အိမ်ခြေ ၇၀ တို့၏ မိသားစုများအား အခြေခံစားသောက်ကုန်မျိုးစုံကို ကျေးရွာများ အရောက် ကွင်းဆင်း၍ လှူဒါန်းခဲ့ကြောင်း သိရသည်။ 


အဆိုပါ အခြေခံစားသောက်ကုန်များ ပေးအပ်လှူဒါန်းရာသို့ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်ဦး နှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီ အဖွဲ့များမှသွားရောက်၍ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။      
        


ချိုချို  (ပြန်/ ဆက်)