ဆော  ၁၃    သြဂုတ် 


မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ်၌ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းပြုစုစီစစ်ခြင်းလုပ်ငန်းများကို  သြဂုတ် ၅ ရက်မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။


၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဆန္ဒမဲပေးပိုင် ခွင့်ရှိသော နိုင်ငံသားတိုင်း မဲစာရင်းတွင် ပါဝင်ခြင်းဖြင့် ၄င်းတို့၏နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန်၊ မဲဆန္ဒရှင်စာရင်းတိကျမှန်ကန်စေရေး ပြုစုဆောင်ရွက်ရန်အတွက် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေးနှင့်သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် လူဦးရေစာရင်းနှင့် အချက်အလက်များအား မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌အခြေခံ မဲဆန္ဒရှင်စာရင်းပြုစုခြင်းနှင့် စာရင်းရေးသွင်းခြင်း လုပ်ငန်းများကို စက်တင်ဘာလကုန်တွင် ပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဒေါ်စုသန္တာထွေး ထံမှသိရသည်။


မြို့နယ်(ပြန်/ဆက်)