ဝေါ ၄ စက်တင်ဘာ
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ ပညာပေး သင်တန်းကို ယနေ့ နံနက် ၉ နာရီက ဝေါမြို့နယ်ခန်းမ၌ ပြုလုပ်သည်။
သင်တန်းတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဦးက အဖွင့်အမှာစကား ပြောကြားပြီး ဝေါမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးလှိုင်က မဲစာရင်းပြုစုခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပို့ချသည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၊ ဒုတိယဦးစီးမှူး ဒေါ်ဖူးဖူးခင်က ရွေးကောက်ပွဲဆိုင်ရာ ရပ်ကွက်/ ကျေးရွာ လုပ်ငန်းများနှင့် ပတ်သက်၍ ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန ဦးစီးမှူး ဦးရဲမြင့်ထွန်း က လူဦးရေစာရင်းနှင့် မဲစာရင်း ပြုစုခြင်းဆိုင်ရာ စိစစ်သင့်သည့် အချက်များကို ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ကြသည်။
အဆိုပါ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ ပညာပေးသင်တန်းသို့ ဝေါမြို့နယ် ရပ်ကွက်ကျေးရွာ(၆၁)အုပ်စုမှ ကော်မရှင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး ၁၂၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း(ပြန်ဆက်)


