နေပြည်တော် ဇွန် ၁၇

မိတ္ထီလာစီးပွားရေးတက္ကသိုလ်က ဖွင့်လှစ်သောအသုံးချ စာရင်းအင်းပညာမဟာဘွဲ့ (Master of Applied Statistics-MAS)  program (Naypyitaw)မှ  သင်တန်းအမှတ်စဉ်(၁)နှင့် သင်တန်းအမှတ်စဉ်(၂) သင်တန်းသားသင်တန်းသူများအား အခြေခံနှင့်အဆင့်မြင့် စာရင်းအင်း ပညာရပ်အကြောင်းသိကောင်းစရာများ ဆွေးနွေးပို့ချခြင်းကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် သင်္ဂဟဟိုတယ်ရှိ သင်တန်းခန်းမတွင် ကျင်းပသည်။

ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊  မိတ္ထီလာစီးပွားရေး တက္ကသိုလ်မှ စာရင်းအင်းပညာဌာန ပါမောက္ခဌာနမှူးနှင့်သင်ကြားပို့ချသည့် ဆရာ ဆရာမ များ၊ အသုံးချစာရင်းအင်းပညာ မဟာဘွဲ့သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်
 ဆွေးနွေးပွတွင် အမြဲတမ်းအတွင်းဝန်က စာရင်းအင်းပညာရပ်ဆိုင်ရာ အခြေခံသိ ကောင်းစရာများ၊ အဆင့်မြင့်သိကောင်းစရာများနှင့်စပ်လျဉ်း၍ စာရင်းအင်းပညာတတ် မြောက်မှုအရေးပါပုံ၊ အခြေခံစာရင်းအင်းပညာသိကောင်းစရာများ၊ စာရင်းအင်းပညာရပ်ဆိုင် ရာနည်းလမ်းများ၊ စာရင်းအင်းပညာရပ်ဆိုင်ရာ သုတေသနနှင့် ပရောဂျက်ရေးသားနည်းများကို အကျယ်တဝင့်ဆွေးနွေးသင်ကြားပို့ချပြီး ကျောင်းသား ကျောင်းသူများ၏ ဆွေးနွေးမေး မြန်းမှုများကို   ဖြေလည်ဆွေးနွေးဖြေကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ထိုအတူ ဇွန် ၁၆ ရက်တွင် မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ဖွင့်လှစ်သည့် အသုံးချ စာရင်းအင်း ပညာမဟာဘွဲ့(Master of Applied Statistics-MAS)  program (Naypyitaw)မှ  သင်တန်းအမှတ်စဉ်(၁)၏ ပထမနှစ်သင်တန်းပြီးဆုံးခြင်း၊ သင်တန်းအမှတ်စဉ်(၂)၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ညစာစားပွဲအခမ်းအနားကို နေပြည်တော် သင်္ဂဟဟိုတယ်တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မိတ္ထီလာစီးပွားရေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာဖြူဖြူအိ က အဖွင့်အမှာစကားပြောကြားကာ စာရင်းအင်းပညာဌာန ပါမောက္ခဌာနမှူး ဒေါက်တာဖြူဖြူခိုင် က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် အသုံးချစာရင်းအင်း ပညာမဟာဘွဲ့(Master of Applied Statistics-MAS)  program (Naypyitaw)မှ  သင်တန်းအမှတ်စဉ်(၁)မှ သင်တန်းသား သင်တန်းသူများ ကိုယ်စား ဦးမင်းဇော်ဦး နှင့် သင်တန်းအမှတ်စဉ်(၂)မှ သင်တန်းသား သင်တန်းသူများကိုယ်စား ဦးစိုးအောင် တို့က ကျေးဇူးတင်စကားပြောကြားကြပြီး သင်တန်းအမှတ်စဉ်(၁)မှ သင်တန်းသား သင်တန်းသူများကိုယ်စား ဒေါ်မိုးမြင့်မြင့်ရှိန် က သင်တန်းအတွေ့အကြုံများကို ပြောကြားသည်။

ယင်းနောက် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ညစာကို အတူတကွသုံးဆောင်ကြသည်။ 
ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုး တက်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့်နေရာတွင် ဝန်ထမ်းများနှင့် အလွှာစုံ၏ အရည်အချင်းနှင့်အရည်အသွေးများကို ထိထိရောက်ရောက် မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ အခြေခံနှင့်အဆင့်မြင့် စာရင်းအင်းပညာရပ်အကြောင်း သိကောင်းစရာများ ဆွေး နွေးပို့ချခြင်းအစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်