အခြေခံပညာ ကျောင်းပေါင်းစုံ အမျိုးသား အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲကျင်းပ

(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသက်(၁၈)နှစ်အောက် အခြေခံပညာ ကျောင်းပေါင်းစုံ အမျိုးသား အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲကို ဒီဇင်ဘာ ၂၂ ရက်က ပုလောမြို့နယ် အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

မြို့နယ်အတွင်းရှိ လူငယ်မောင်မယ်များ အချင်းချင်း စည်းလုံးညီညွှတ်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရန်နှင့် အားကစားကို စိတ်ပါဝင်စားကာ မြို့နယ်အတွက် အားထားရမည့် လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပြေးခုန်ပစ်ပြိုင်ပွဲကို ပုလောမြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

 

ထူးဝေယံ(ပြန်/ဆက်)