ရပ်စောက် ၂၆ နိုဝင်ဘာ
အခြေခံပညာဦးစီးဌာန ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ် မြို့နယ်အဆင့်အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို နိုဝင်ဘာ ၂၅ နှင့် ၂၆ ရက်က ဗထူးတပ်မြို့ အခြေခံပညာ အထက်တန်ကျောင်း နဝရတ်ခမ်းမတွင် ကျင်းပြုလုပ် လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲသို့ ရပ်စောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ များ ပါဝင် ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို အဆင့်(၅)ဆင့် ခွဲခြားသတ်မှတ်ကာ ယှဉ်ပြိုင်စေခဲ့ရာ ယနေ့ ကျင်းပ သည့် ပြိုင်ပွဲတွင် Grade 9 အဆင့်ကျောင်းသားကျောင်းသူများက ယှဉ်ပြိုင်ကြသည်။
ယခုကျင်းပပြုလုပ်သည့် မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲသို့ ကျောင်းသားကျောင်းသူ ၁၅ ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ဇော်ဝင်းလှိုင်(ရပ်စောက်)


