နေပြည်တော်   ဧပြီ    ၂၀

 

အခြေခံပညာအဆင့်    လူရည်ချွန်ကျောင်းသား ကျောင်းသူများ   ဩဝါဒခံယူပွဲနှင့်   ဂုဏ်ပြုဆုငွေ ပေးအပ်ပွဲအခမ်းအနားကို    ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့       နေပြည်တော်ကောင်စီဥက္ကဋ္ဌ   ဦးတင်ဦးလွင်၊    နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ လူရည်ချွန်ကျောင်းသား ကျောင်းသူများ၊ ကြီးကြပ်သူများနှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ က    နိုင်ငံတော်အနေဖြင့်    လူရည်ချွန်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်  ဉာဏ် ပညာ ထူးချွန်ပြီး ကျန်းမာကြံ့ခိုင်သည့် အကျင့်စာရိတ္တ ကောင်းမွန်၍ ထူးချွန်ထက်မြက်သော ကျောင်းသား ကျောင်းသူလူငယ်များ ပေါ်ထွန်းလာစေရေး၊ ပညာ ရေးကဏ္ဍ လက်တွေ့ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ပိုမို စိတ်ပါဝင်စားပြီး   နိုင်ငံ့အကျိုးပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်မည့် လူ့စွမ်းအားအရင်းအမြစ် များ ပေါ်ပေါက်လာစေရေး၊ ဘက်စုံထူးချွန် ထက်မြက် သည့် လူရည်ချွန်ကျောင်းသား ကျောင်းသူများကို စံနမူနာပြုပြီး ကျောင်းသားလူငယ်များအား လေ့ကျင့် ပြုစုပျိုးထောင်ပေးရေးတို့ကို ရည်ရွယ်ဆောင်ရွက် လျက်ရှိပြီး ဘက်စုံထူးချွန်သော လူငယ်များအဖြစ် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိကြောင်း ပြောကြားသည်။

 

ထို့နောက် လူရည်ချွန်ကျောင်းသား ကျောင်းသူ များနှင့်   ကြီးကြပ်သူများက   တစ်ဦးချင်းဂါရဝပြု မိတ်ဆက်ကြပြီး   နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များက   လူရည်ချွန် ကျောင်းသား ကျောင်းသူများနှင့် ကြီးကြပ်သူများကို ဂုဏ်ပြုချီးမြှင့်ငွေများ    ပေးအပ်ပြီး    လူရည်ချွန် မောင်မယ်များကိုယ်စား     လူရည်ချွန်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

သတင်းစဉ်