စလင်း ၂၀ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ သနပ်ကုန်းကျေးရွာအုပ်စု၊ သနပ်ကုန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းမှ အခြေခံပညာအထက်တန်းကျောင်းအဆင့်သို့တိုးမြှင့် ခြင်းအခမ်းအနာကို အထက်တန်းကျောင်းကွင်းပြင်၌ ဇန်နဝါရီ ၂၀ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ဦးစွာပထမ တိုင်းဒေသကြီး လွှတ်တော်ဉက္ကဌ ဦးတာ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဉက္ကဌ ဦးဇော်မျိုးဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကံဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင်၊ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ကြည်နှင့် ခရိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့အချုပ်ဉက္ကဌ ဦးသိန်းအောင်တို့က အခြေခံပညာအထက်တန်းကျောင်းဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားကိုဆက်လက်၍ကျင်းပရာ ကျောင်းသားကျောင်းသူလေးများက မြန်မာကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ဉက္ကဌဦးတာ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာခင်မောင်အေး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဉက္ကဌ ဦးဇော်မျိုးဝင်းတို့က အမှာစကားပြောကြားခဲ့ပြီး ကျောင်းအဆင့်တိုးမြှင့်ခြင်း နှင့်ပတ်သက်သော စာရွက်စာတမ်းများနှင့် အထိမ်းအမှတ်အလံများပေးအပ်ခဲ့ရာ သနပ်ကုန်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသက်နောင်လင်းက ကျေးရွာအုပ်စုကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါအထက်တန်း ကျောင်းတွင် ဆရာဆရာမ ဦးရေ ၂၀ က ကျောင်းသားကျောင်းသူ(၄၉၅)ယောက်အား အေးချမ်း စွာ ပညာသင်ကြားပေးလျှက်ရှိကြောင်း သိရှိရသည်။
မောင်လွင်(ပြန်/ဆက်)