တနင်္သာရီ  ၁၃  စက်တင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ဒုတိယအကြိမ် မြစ်ရေကြီးမှုကြောင့် ဩဂုတ်လ(၃၀)ရက်နေ့မှ စက်တင်ဘာလ(၄)ရက်နေ့အတွင်း ယာယီပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်း (၁၉)ကျောင်းစလုံးတွင် မြစ်ရေမရှိတော့ဘဲ လမ်းပန်းဆက်သွယ်မှု ပြန်လည်ကောင်းမွန်လာပြီဖြစ်သောကြောင့် စက်တင်ဘာလ(၁၃)ရက်နေ့တွင် ကျောင်းအားလုံး ပြန်လည်ဖွင့်လှစ်ပြီး ပုံမှန်အတိုင်း ပညာသင်ကြားနေကြပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရှိရသည်။

 

စက်တင်ဘာ(၈)ရက်နေ့က (၁၀) ကျောင်းပြန်ဖွင့်နိုင်ခဲ့ပြီး ယခုအခါ မြစ်ရေများပြန်လည် ကျဆင်းသွားပြီဖြစ်သဖြင့် ကျန်ရှိနေသော အခြေခံပညာကျောင်း(၉)ကျောင်းကိုလဲ ယနေ့ပြန်လည်ဖွင့်နိုင်ပြီဖြစ်ရာ ယာယီပိတ်ထားခဲ့ရသည့် ကျောင်း(၁၉)ကျောင်းစလုံးကို ပြန်လည်ဖွင့်လှစ်ပြီးဖြစ်ကြောင်း၊ ကျောင်းယာယီပိတ်ခဲ့ရသည့် ပိတ်ရက်များကိုလည်း စာသင်ချိန်ပြည့်မီနိုင်ရေးအတွက် စနေနေ့၊ တနင်္ဂနွေနေ့၊  အဖိတ်နေ့များမှာ အစားထိုးသင်ကြားပေးလျက်ရှိကြောင်း၊ ကျောင်းသား/ကျောင်းသူများလည်း ပျော်ရွှင်စွာ ကျောင်းပြန်တက်ကာ ပညာသင်ကြားနေကြပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရှိရသည်။

 

သတင်း-နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)