မံစီ  ၁၅    ဇွန်  

 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း ၂၀၂၀- ၂၀၂၁ ပညာသင်နှစ် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ နည်းပြဆရာ ဆရာမများကို အခြေခံပညာကျောင်းသင်ရိုးသစ်သင်တန်း စတင်ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။

 

Grade-4 သင်ရိုးသစ်သင်တန်းကို အခြေခံပညာအထက်တန်းကျောင်း(မံစီ)၌ ယနေ့နံနက် ၉ နာရီက စတင်ဖွင့်လှစ်ပို့ချခဲ့သည်။ သင်တန်းကို ဇွန်လ ၂၁ ရက်နေ့ထိ ၇ ရက်ကြာပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်း နောက်ဆုံးရက်ဖြစ်သည့် ဇွန် ၂၁ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို မြို့နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာနက လာရောက်ဆွေးနွေးပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

 

1

 

သင်တန်းများပို့ချရာတွင် နေရာထိုင်ခင်းများအတွက် ထိုင်ခုံ တစ်ခုံနှင့်တစ်ခုံကို ၆ ပေအကွာထားရှိပြီး အခန်းတစ်ခန်းလျှင် ၂၀ ဦးဖြင့်စုစုပေါင်းအခန်း ၁၈ ခန်းကို စီစဉ်ဆောင်ရွက်ထားရှိကာ သင်တန်းသူသင်တန်းများကို နှာခေါင်းစည်း(Mask)များဖြန့်ဝေပေးထားကြောင်း သိရသည်။

 

Grade-7 သင်ရိုးသစ်သင်တန်းကို ဇွန် ၂၂ ရက်မှ ၂၈ ရက်ထိလည်းကောင်း၊ Grade-10 သင်ရိုးသစ်သင်တန်းကို ဇွန် ၂၉ ရက်မှ ဇူလိုင်လ ၈ ရက်ထိ လည်းကောင်း ဆက်လက်ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

ရိန် (ပြန်/ဆက်)