လေရှီး ၅ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖြစ်သည့် ရန်နွေး အ.ထ.က(ခွဲ)၊ ပန်ဆပ် အ.ထ.က(ခွဲ)၊ ကော်လကန်အ.လ.က၊ မိုဒွန်ဖိုင် အ.လ.က၊ လေယုံ အ.လ.ကနှင့် ဖွန်သရက် အ.လ.က အခြေခံပညာကျောင်းများအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကွန်ပျူတာ၊ ပရင်တာ၊ မီးစက်နှင့် ဆက်စပ် ပစ္စည်းများ၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအတွက် ငွေကျပ် ၄၅၀၀၀၀ ကို ယနေ့ မွန်းလွဲပိုင်းက လေရှီးမြို့နယ် ပညာရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်လင်းက လက်ထောက်ပညာရေးမှူး ဦးဆိုင်းလီနှင့် သက်ဆိုင်ရာ ကျောင်း ဆရာ၊ ဆရာမထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
စနေမောင်မောင်(ခန္တီး)


