ရမည်းသင်း မေ ၁၈

 

သမဝါယမဦးစီးဌာနအနေဖြင့် အခြေခံ သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရမည်းသင်းမြို့နယ်အတွင်း အခြေခံသမဝါယမအသင်းများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ထုတ်လုပ်မှုတိုးမြှင့်နိုင်ရန် ကံသာအေးကျေးရွာ ရွှေကံသာအေး စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်း၊ ထိန်ကန်ကျေးရွာ ငွေပဒေသာ-၁ စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်း၊ အင်းကြင်းကန်(ကံလှ)ကျေးရွာလုပ်သား စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းမှ အသင်းသား တောင်သူများ စိုက်ပျိုးသည့် သီးနှံများ စနစ်တကျ စိုက်ပျိုးရေး၊ လူမှုစီးပွားဘဝမြှင့်တင်ရေး၊ ကျေးရွာများ အမြန်ဖွံ့ဖြိုးရေးတို့ကို ဒုတိယညွှန်ကြားရေးမှူးချုပ်(စီးပွား)ဦးအောင်ပြည့်စိုးနှင့် တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်သည် ကူတိုကျေးရွာ ရတနာရွှေကူ စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသို့ သွားရောက်၍ နွားမွေးမြူရေး ဆောင်ရွက်ရာတွင် စနစ်တကျ မွေးမြူရေးနှင့် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုဇော်(ရမည်းသင်း)