ရန်ကုန် ၂၀ ဒီဇင်ဘာ 

နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄၃/ ၂၀၁၉) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်) ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးအောင်မျိုးမြင့် တက်ရောက် သင်တန်းဆင်း အမှာစကားပြောကြားပြီး အငြိမ်းစားသံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သင်တန်းနည်းပြများက သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များ  ပေးအပ်ချီးမြှင့်သည်။

သင်တန်းဆင်းပွဲသို့ အငြိမ်းသံအမတ်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဝါရင့်သံတမန်များ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ သင်တန်းနည်းပြ ဆရာကြီး၊ ဆရာမကြီးများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။  

သင်တန်းတွင် သံတမန်ရေးရာနှင့်သက်ဆိုင်သည့် အခြေခံဘာသာရပ်များ၊ စေ့စပ်ညှိနှိုင်းမှုပညာ၊ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်များ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေဘာသာရပ်၊ အပြည်ပြည်ဆိုင်ရာ ညီလာခံများကျင်းပခြင်း၊ မျက်မှောက်ခေတ် နိုင်ငံတကာရေးရာများ၊ စီးပွားရေးဆိုင်ရာ ဘာသာရပ်များ စသည်တို့ကို စာတွေ့ လက်တွေ့ပို့ချခဲ့ပြီး သင်တန်း ကာလမှာ ရက်သတ္တပတ် ၁၂ ပတ် ကြာမြင့်ခဲ့ကာ သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၂၀ဝ  တက်ရောက်ခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနက သံတမန်ရေးရာနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များအား စိတ်ပါဝင်စားသူများအတွက် အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်းများကို ၂၀ဝ၀ ပြည့်နှစ်မှ စတင်၍ ဖွင့်လှစ်ခဲ့ပြီး ယနေ့အထိ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၇၅၀ဝ အထိ တက်ရောက်ခဲ့ပြီးဖြစ်သည်။ 

(သတင်းစဉ်)