မန္တလေး ၇ ဩဂုတ်
အခြေတကျ ဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိသော လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ငယ်များအား ရင်းနှီးမတည်ငွေ(ချေးငွေ)ကို နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေ၏ အထွေထွေပိုလျှံငွေမှ ကျပ်(၁၀၀)ဘီလီယံ ရယူ၍ မြန်မာ့စီးပွါးရေးဘဏ်မှ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများသို့ ထုတ်ချေးပြီး အဆိုပါ အဖွဲ့အစည်းများမှတစ်ဆင့် COVID-19 ကြောင့် ထိခိုက်ခဲ့ရသည့် လက်ဖက်ရည်ဆိုင်ငယ်နှင့် စားသောက်ဆိုင်ငယ်များအား အထူးသက်သာသော အတိုးနှုန်းထားဖြင့် ချေးငွေထုတ်ချေးပေးရန် အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီမှ ညွှန်ကြားချက်ထုတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ချေးငွေကာလတွင် ၁ နှစ်ဖြစ်ပြီး အတိုးနှုန်းအနေဖြင့် ၁ နှစ်လျှင် ၂ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း သိရသည်။ မန္တလေးမြို့အတွင်းရှိ စားသောက်ဆိုင်ငယ်နှင့် လက်ဖက်ရည်ဆိုင်ငယ်များက ပိုင်ရှင်များအနေဖြင့် ချေးငွေထုတ်ချေးရမည့် လုပ်ငန်းစဉ်များကို သိရှိမှုနည်းပါးခြင်း ဆောင်ရွက်ရမည့် စာရွက်စာတမ်းအဆင့်များအတွက် ခက်ခဲမှုများရှိနေခြင်း တို့ကြောင့် လျှောက်ရမည့် ရက်သတ်မှတ်ချက်အား ထပ်တိုးပေးစေချင်သည့် ဆန္ဒများရှိနေသည်ဟု မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း(မန္တလေး)မှ သိရသည်။
#MRTV
