အချိုးညီစီးပွားဖွံ့ဖြိုးတိုးတက်ရေး MSMEs များအား ပံ့ပိုးကူညီဆောင်ရွက်ပေး

ကြည်လင်းခိုင် - ဒုတိယညွှန်ကြားရေးမှူး(DISI, MOI)

ဖွံ့ဖြိုးမှု၏ အဓိကကဏ္ဍ

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများ (MSMEs) သည်    နိုင်ငံတိုင်း၏ စီးပွားရေး အချိုးညီဖွံ့ဖြိုးတိုးတက်မှု (Equitable Economic Development) ကို ဖော်ဆောင်ရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်နေပြီး  ကမ္ဘာတစ်ဝန်းရှိ စွန့်ဦးတီထွင်မှုစွမ်းရည်၊    ဆန်းသစ်တီထွင်မှုနှင့် အလုပ်အကိုင်ရရှိမှုများဖန်တီးပေးနေသော အဓိက စွမ်းဆောင်နေသူများဖြစ်သည်။ လေ့လာမှုများအရ ကမ္ဘာတစ်ဝန်းရှိလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းမှာ MSMEs များဖြစ်ကြပြီး  အလုပ်အကိုင်များ၏ ၅၀ ရာခိုင်နှုန်းကျော်ကို MSMEs များက  ဖန်တီးပေးထား ကြောင်း တွေ့ရသည်။

အားသာချက်နှင့် အားနည်းချက်များ

MSME များသည်    ကော်ပိုရေးရှင်းကြီးများ၊ အကြီးစားလုပ်ငန်းများနှင့် နှိုင်းယှဉ်ပါက ဆုံးဖြတ် ချက်ချမှတ်ရန်နှင့် အကောင်အထည်ဖော်ရန်  ပိုမို မြန်ဆန်ခြင်း၊  ဖောက်သည်များနှင့်    ပိုမိုရင်းနှီးစွာ ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်း၊     ပြောင်းလွယ် ပြင်လွယ်နှင့် လိုက်လျောညီထွေ ဆောင်ရွက်နိုင်စွမ်း ရှိခြင်း၊ ဝန်ထမ်းများနှင့် အလုပ်ပတ်ဝန်းကျင်တွင် ကောင်းမွန်သောဆက်ဆံရေးကို  တည်ထောင်နိုင် ခြင်း၊ သီးသန့်စျေးကွက်နယ်ပယ်တစ်ခု သတ်မှတ်၍ ထုတ်လုပ်နိုင်ခြင်း  စသည့်  အားသာချက်များစွာ ရှိသည်။ 

သို့ရာတွင် MSMEs အများစုမှာ  နည်းပညာ၊ ဘဏ္ဍာရေးနှင့်   စီမံခန့်ခွဲမှုဆိုင်ရာ    အသိပညာ၊ အတတ်ပညာများရရှိရန်ခက်ခဲခြင်း၊  ဒစ်ဂျစ်တယ် အသုံးပြုမှုကွာဟချက်၊  ငွေကြေးအရင်းအမြစ်များ ရရှိရန်ခက်ခဲခြင်း၊ စက်ကိရိယာများဝယ်ယူရန် ကနဦး မတည်ရင်းနှီးငွေမလုံလောက်ခြင်း၊   အာမခံစနစ် အားနည်းမှုများကြောင့် ငွေကြေးရရှိမှု အလှမ်းမမီ ခြင်း၊ ထို့အပြင်စျေးကွက်ရရှိရန်ခက်ခဲခြင်း၊ ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးနိုင်မှု အားနည်းခြင်း၊ အဆင့်မြင့်နည်းပညာများနှင့်  စက်ကိရိယာအသစ် များကို    အသုံးပြုနိုင်မှုအားနည်းခြင်း၊     ခိုင်မာပြီး ထိရောက်သော စီးပွားရေးစီမံခန့်ခွဲမှုကို အထောက် အကူပြုမည့် အရေးကြီးသော သတင်းအချက်အလက် ရရှိရန်ခက်ခဲခြင်း၊ လုပ်ငန်းစီမံခန့်ခွဲမှု ကျွမ်းကျင်မှု မရှိခြင်း စသည်တို့ကြောင့် ကမ္ဘာ့နိုင်ငံအတော်များ များတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရပါသည်။

နိုင်ငံအလိုက် MSME များ 
ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများ  

နိုင်ငံ၏စီးပွားရေး  အချိုးညီမျှတစွာ    ဖွံ့ဖြိုး တိုးတက်စေရန်၊ ကျေးလက်နှင့် မြို့ရွာများမှ နိုင်ငံသူ နိုင်ငံသားများ၏ လူမှုစီးပွားဘဝများ  ဖွံ့ဖြိုးတိုးတက် ရန်အတွက် ဆောင်ရွက်ပေးနေသည့် MSME များ ရှင်သန်နိုင်စေရေး၊ အာဆီယံနှင့် ကမ္ဘာ့ဒေသတွင်း စီးပွားရေး ပေါင်းစည်းရေးအတွက် ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားပြီး နိုင်ငံတကာထုတ်လုပ်မှု ကွင်းဆက်များ သို့ ချိတ်ဆက်ဝင်ရောက်နိုင်စေရေး ဆောင်ရွက်ရာ၌ MSME များ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲ များကို ဖြေရှင်းပြီး လုပ်သာကိုင်သာရှိသော စီးပွား ရေးဝန်းကျင်ကောင်းကို ဖန်တီးပေးရမည့် တာဝန် မှာ အစိုးရတိုင်း၏တာဝန်ဖြစ်ပါသည်။ 
ထို့ကြောင့် MSME များအား လုပ်သာကိုင်သာ ရှိသော စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီးပေး ရန်အတွက် MSME များဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဝါဒအမျိုးမျိုးကို  နိုင်ငံအလိုက်  ရေးဆွဲချမှတ်၍ အကောင်အထည်ဖော် ပံ့ပိုးပေးကြပါသည်။ MSME များ  ရင်ဆိုင်နေရသည့်    အခက်အခဲများအနက် ငွေကြေးအရင်းအနှီး    လက်လှမ်းမမီခြင်းသည် MSME အများစု တွေ့ကြုံရသည့်အခက်အခဲဖြစ်ပြီး အစိုးရ၏ပံ့ပိုးမှုသည် အလွန်လိုအပ်ပါသည်။ 

ဥရောပ (EU)၏ MSME ဆိုင်ရာ    မူဝါဒနှင့် လုပ်ငန်းစဉ်များသည်   အသေးစားလုပ်ငန်းနှင့် လိုက်ဖက်ညီပြီး ဥရောပသို့ ကုမ္ပဏီများ လာရောက် တည်ထောင်ရန်နှင့်      စီးပွားရေးလုပ်ဆောင်ရန် ပိုမိုဆွဲဆောင်မှုရှိသောနေရာတစ်ခု ဖြစ်လာစေရန် အတွက်ရည်ရွယ်ပြီး  ပံ့ပိုးပေးပါသည်။  သို့ရာတွင် လုပ်ငန်းအရွယ်အစားနှင့်  တချို့သော   ဝိသေသ လက္ခဏာရပ်များကြောင့် MSME များ၏ ချေးငွေ ရရှိနိုင်မှု  အခက်အခဲကို   လေ့လာတွေ့ရှိရသည့် အတွက်     ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ်   (European Investment Bank) နှင့်         ဥရောပရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ (European Investment  Fund)   တို့မှ MSME များ         လုပ်ငန်းဆောင်ရွက်ရာတွင်      အဆင်ပြေစေရန်အတွက်    ချေးငွေပုံစံအမျိုးမျိုး ဖြင့် ချေးငွေရရှိမှုလွယ်ကူစေရန်             ဆောင်ရွက်ပေး ခဲ့ပါသည်။

ရုရှားနိုင်ငံအစိုးရက    MSME  များမှာလည်း ငွေကြေးအရင်းအမြစ်ရရှိရန်ခက်ခဲမှုကို ဖြေရှင်းရန် အတွက်        ချေးငွေအမျိုးအစားများဖြစ်သည့် ဘဏ်ချေးငွေ၊    စက်ကိရိယာဝယ်ယူရန်အတွက် ချေးငွေ၊ အသေးစားချေးငွေ စသည်တို့ဖြင့် ပံ့ပိုးပေး လျက်ရှိပြီး “Six-Year National Project on MSME and Individual Entrepreneurship Support” ကို အကောင်အထည်ဖော်ရန် US $ 6.6 Billions ကို ခွဲဝေချထားရန်စီစဉ်နေကြောင်း  လေ့လာသိရှိ ရပါသည်။ 

ထို့အတူ အိန္ဒိယအစိုးရကလည်း MSME ငွေကြေး ရရှိမှု အဆင်ပြေစေရန်အတွက် ငွေကြေးပံ့ပိုးပေးနိုင် မည့် အစီအစဉ်များဖြစ်သည့် ဘဏ်များမှ  အပေါင် ပစ္စည်းမလိုသည့် ချေးငွေ၊ တီထွင်မှု မူပိုင်ခွင့်မှတ်ပုံ တင်ရာတွင် ၅၀ ရာခိုင်နှုန်း ထောက်ပံ့ပေးခြင်း၊ ISO အသိအမှတ်ပြုလက်မှတ်ရယူရေးအတွက် ကုန်ကျ ငွေများအတွက်ပြန်ပေးခြင်း စသည်ဖြင့် ချေးငွေနှင့် ထောက်ပံ့ငွေအမျိုးမျိုး  ပံ့ပိုးပေး၍   ပို့ကုန်မြှင့်တင် ခြင်း၊ အဆင်မြင့်နည်းပညာများ ပေါ်ပေါက်လာစေ ခြင်းတို့ကို အားပေးပံ့ပိုးပေးလျက်ရှိပါသည်။


မြန်မာနိုင်ငံရှိ MSME များအတွက် 
နိုင်ငံတော်က ဆောင်ရွက်ပေးနေမှုများ

ဥရောပ၊ ရုရှား၊ အိန္ဒိယနှင့် ကမ္ဘာ့နိုင်ငံများကဲ့ သို့ပင် မြန်မာနိုင်ငံမှ MSME များသည် မြန်မာ့စီးပွား ရေး  ဖွံ့ဖြိုးတိုးတက်စေရန်   အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပြီး အလုပ်လက်မဲ့နှုန်း ကျဆင်း စေရန် အဓိကဆောင်ရွက်ပေးလျက်ရှိသည့်   Key Player များ ဖြစ်ကြပါသည်။ MSME များ ဖွံ့ဖြိုး တိုးတက်လာပြီး အလုပ်အကိုင်အသစ်များ ပိုမိုဖန်တီး ပေးရာတွင်    အထောက်အကူပြုစေရန်အတွက် နိုင်ငံတော်အစိုးရက MSME များ   ဖွံ့ဖြိုးတိုးတက် ရေးဥပဒေ (၂၀၁၅)၊ မူဝါဒ (၂၀၁၅)နှင့် နည်းဥပဒေများ (၂၀၁၆) တို့ကိုရေးဆွဲ၍     စက်မှုဝန်ကြီးဌာနကတာဝန်ခံဝန်ကြီးဌာနအဖြစ်ဦးဆောင်၍ ဆက်စပ် ဝန်ကြီးဌာနများ၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ Coordination and Cooperation Mechanism  (ညှိနှိုင်းရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးယန္တရား) ဖြင့် MSME များအား လုပ်သာကိုင်သာ ရှိသော  စီးပွားရေးဝန်းကျင်ကောင်းကို   ဖန်တီး အကောင်အထည်ဖော်ပေးနိုင်ရန် ဆောင်ရွက်လျက် ရှိပါသည်။

စက်မှုဝန်ကြီးဌာနက  MSME  များ     ဖွံ့ဖြိုး တိုးတက်ရေးအတွက် Capacity Building Training သင်တန်းပေါင်း ၃၂၆၅ ကျော်   ပံ့ပိုးပေးခဲ့ခြင်း၊ တိုင်း ဒေသကြီးနှင့်ပြည်နယ်များရှိ      MSME လုပ်ငန်းများ တစ်ပြေးညီ   ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် Regional Action Plan ရေးဆွဲပြီး အဓိကနယ်ပယ် ရှစ်ခုသတ်မှတ်၍ အကောင်အထည်ဖော် ဆောင်ရွက် ခြင်း၊  ငွေကြေးအရင်းအနှီးများရရှိစေရန် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့်   ချိတ်ဆက်၍   JICA နှစ်ဆင့်ချေးငွေအစီအစဉ်၊ CGI ချေးငွေအစီအစဉ်၊ MEB ချေးငွေအစီအစဉ်၊ KfW ချေးငွေအစီအစဉ်၊ RBF ချေးငွေအစီအစဉ်နှင့် Covid-19 ချေးငွေအစီအစဉ် တို့ဖြင့် MSME ၄၅၉၆ ဦးအား ချေးငွေပံ့ပိုးပေးခြင်း စသည့်     အစီအစဉ်များကို         ဆောင်ရွက်ပေး လျက်ရှိပါသည်။ 

သို့ရာတွင် ကိုဗစ်ကပ်ရောဂါ၏ သက်ရောက်မှု၊ ကမ္ဘာ့နိုင်ငံရေး စီးပွားရေးသက်ရောက်မှုနှင့် နည်း ပညာ   အလျင်အမြန်ပြောင်းလဲလာမှုများကြောင့် ယခင်ကာလများထက်ပို၍   MSME  များသည် ငွေကြေးအရင်းအနှီး၊     ဒစ်ဂျစ်တယ်အသုံးချမှု စွမ်းရည်များ၊ အဆင့်မြင့်စက်ကိရိယာများနှင့် နည်း ပညာများ၊ ကျွမ်းကျင်လုပ်သားများ၊ စီးပွားစီမံခန့်ခွဲမှု နည်းစနစ်များ၊ သတင်းအချက်အလက်များ၊ ကမ္ဘာ့ ဈေးကွက်များသို့  ဝင်ရောက်နိုင်ရေးအစီအမံများ ပံ့ပိုးပေးရန် လိုအပ်လာခြင်းနှင့်အတူ   လုပ်သာ ကိုင်သာရှိစေရန် ဖန်တီးပေးထားသော စီးပွားရေး ပတ်ဝန်းကျင်ကောင်းများ ပိုမိုလိုအပ်လာ‌သည်ကို တွေ့ရပါသည်။

ပြိုင်တူတွန်းကရွေ့နိုင်ပါသည်

ထို့ကြောင့် အလုပ်အကိုင်ဖန်တီးရေး၊ စီးပွား ရေးတိုးတက်မှု၊   ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် အားလုံးပါဝင်ပြီး  ရေရှည်တည်တံ့သော    ဖွံ့ဖြိုး တိုးတက်ရေးကို           မြှင့်တင်ရန်အရေးကြီးသော စွမ်းဆောင်ရှင်များဖြစ်သည့် MSME  များ၏ အခန်း ကဏ္ဍနှင့်အခက်အခဲများကို နိုင်ငံတော်က အပြည့်အဝ နားလည်ပြီး ၎င်းတို့ကြုံတွေ့နေရသော အခက်အခဲ များကိုလျှော့ချ၍ ယှဉ်ပြိုင်နိုင်စွမ်း မြင့်မာပြီး ကြံ့ခိုင် သော MSME များ ဖြစ်လာစေရန်အတွက် MSME များ ရင်ဆိုင်နေရသော အခက်အခဲများအပေါ် မူတည် သည့်   သင့်တော်သောလုပ်ငန်းအစီအမံများကို ရေးဆွဲချမှတ်ပြီး ကူညီပံ့ပိုးဖြည့်ဆည်းပေးနေသလို MSME လုပ်ငန်းရှင်များဘက်ကလည်း နိုင်ငံတော် နှင့်အတူလက်တွဲ၍ ဒေသအသီးသီးတွင် အကြား အလပ်မကျန်အောင် အချိုးညီဖွံ့ဖြိုးတိုးတက်လာ စေရန် ဝိုင်းဝန်း၍ အားဖြည့်ကူညီဆောင်ရွက်သွား ရန်လည်း လိုအပ်လျက်ရှိကြောင်း တင်ပြအပ်ပါ သည်။

“မြန်မာ့စီးပွားရေးအချိုးညီစွာ ဖွံ့ဖြိုးတိုးတက် လာစေရန် အားလုံးပြိုင်တူတွန်းလျှင်  ရွေ့နိုင်ပါ သည်”။             ။