အချက်အလက်အပေါ်အခြေခံပြီး စေတနာကို မြင်အောင်ကြည့်ပါ တိုးတက်မှုကို တွေ့ရမှာ

ထက်မြတ်

မိသားစုတစ်ခုရယ်လို့ ဖြစ်လာပြီဆိုရင် လူတန်းစေ့ ရှင်သန်၊ ရပ်တည်၊ နေထိုင်နိုင် ရေးအတွက် လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့လိုအပ်ချက်တွေထဲကမှ အရေးအကြီး ဆုံးအရာကတော့ စီးပွားရေးလို့ဆိုကြပါ တယ်။

မိသားစုတစ်ခုက       စီးပွားရေး ကောင်းရင်ကောင်းသလို စားဝတ်နေရေး ချောင်လည်ပြီး  လူတန်းစေ့နေထိုင်နိုင်ပါ လိမ့်မယ်။ စီးပွားရေး မကောင်းရင်ရော စီးပွားရေးကောင်းအောင် မိသားစုတွေတက်ညီလက်ညီကြိုးစားရမှာပေါ့။

မိသားစုတစ်ခု    အတွက်တောင်မှ စီးပွားရေးက     အရေးကြီးတယ်ဆိုရင် နိုင်ငံတစ်နိုင်ငံလုံးအတွက်ဆို စီးပွားရေး က ဘယ်လောက်တောင်မှအရေးကြီးလိမ့် မလဲနော်။

မိသားစုတစ်ခုမှာ ကလေးငယ်တွေ အတွက် ပညာရေး၊ ကျန်းမာရေး အစရှိ တဲ့  ကိစ္စအဝဝကို မိဘ၊  အုပ်ထိန်းသူက တာဝန်ယူထားရပါတယ်။

နိုင်ငံတစ်ခုမှာလည်း     မိဘသဖွယ်၊ အုပ်ထိန်းသူသဖွယ်ဖြစ်တဲ့   နိုင်ငံတော် အကြီးအကဲက  နိုင်ငံအတွင်းရှိ   ပြည်သူ များအားလုံးအတွက် ပညာရေး၊ ကျန်းမာ ရေး အစရှိတဲ့ လူမှုစီးပွားကိစ္စအဝဝကို တာဝန်ယူဖြေရှင်းပေးနေရတာပါ။
မိသားစုမှာလည်း မိသားစုအလျောက် ဒီလိုကိစ္စအဝဝကို     ဖြေရှင်းဖို့အတွက် စီးပွားရေးကောင်းဖို့လိုသလို နိုင်ငံတော် ကလည်း ပြည်သူများရဲ့လိုအပ်ချက်များ ကို ဖြည့်ဆည်းပေးဖို့အတွက် စီးပွားရေး ကောင်းအောင်     ကြိုးစားနေတာကို တွေ့ရပါတယ်။

အညွှန်းကိန်းတွေနဲ့တိုင်းတာနိုင်

မိသားစုတစ်ခုရဲ့       စီးပွားရေးကို တိုင်းတာရာမှာ ပျမ်းမျှအားဖြင့် မိသားစု အရွယ်အစား၊ မိသားစုအတွင်းရှိ အလုပ် လုပ်နိုင်သူအရေအတွက်၊     ပညာရေး၊ ကျန်းမာရေး၊  လူမှုရေးအခြေအနေများ၊ ရရှိတဲ့ဝင်ငွေနဲ့ သုံးစွဲလိုက်ရတဲ့ထွက်ငွေအချိုးအစား အစရှိတဲ့ အညွှန်းကိန်းတွေနဲ့တိုင်းတာနိုင်ပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့     စီးပွားရေးကို တိုင်းတာရာမှာတော့  မိသားစုတစ်ခုရဲ့ စီးပွားရေးအခြေအနေကို   တိုင်းတာမှု အချက်အလက်များထက်    များစွာပိုပါ တယ်။ အခြေခံအချက်များကတော့ အတူ တူပါပဲ။ အရွယ်အစားသာကွာသွားတာပါ။

ဒီနေရာမှာ  နိုင်ငံအတွင်း  ကုန်ဈေး နှုန်းမြင့်တက်ခြင်းကြောင့်   အဲဒီနိုင်ငံရဲ့  စီးပွားရေး      ကျဆင်းသွားတယ်လို့ တပ်အပ်မပြောနိုင်ပါဘူး။      ပြောလို့ လည်း    မရပါဘူး။   ဘာကြောင့်လဲဆိုရင် အကြောင်းအရာက ကိုက်ညီမှုမရှိလို့ပါ။
ဒီတော့  ဘယ်လိုအရာတွေက  နိုင်ငံ တစ်နိုင်ငံရဲ့      စီးပွားရေးကျဆင်းမှုကို သတ်မှတ်တာလဲဆိုတာနဲ့ပတ်သက်ပြီး အနည်းအကျဉ်းပြောလိုပါတယ်။

နိုင်ငံရဲ့စီးပွားရေးကျဆင်းနေတယ်လို့ မပြောနိုင်

ကမ္ဘာ့စီးပွားရေးပညာရှင်များ၊ စီးပွား ရေးသုတေသနဌာနများ၊   စီးပွားရေး သုတေသီများ  သတ်မှတ်ထားတဲ့  နိုင်ငံ တစ်နိုင်ငံရဲ့ စီးပွားရေးကျဆင်းမှုဆိုတာ က  ကုန်သွယ်ရေးနဲ့  စက်မှုလုပ်ငန်းများ အနေနဲ့    ကုန်ထုတ်လုပ်မှုကျဆင်းပြီး အချိန်အတိုင်းအတာတစ်ခုအထိ  အတိ အကျပြောရရင်  ခြောက်လဆက်တိုက် ကာလမှာ နိုင်ငံရဲ့အသားတင်ကုန်ထုတ် လုပ်မှုတန်ဖိုး  ကျဆင်းခြင်းအခြေအနေကို ခေါ်တယ်လို့ဆိုပါတယ်။ ဒါဆိုရင် ကုန် ဈေးနှုန်းတက်တာ တစ်ခုတည်းနဲ့တော့ နိုင်ငံရဲ့   စီးပွားရေးကျဆင်းနေတယ်လို့ မပြောနိုင်ဘူးဆိုတာ သိလောက်မှာပါ။

ကုန်ဈေးနှုန်း      တက်ရခြင်းရဲ့ အကြောင်းရင်းများစွာရှိပါတယ်။ အခြေခံ ကျတဲ့အချက်တွေကတော့    ကမ္ဘာ့ဈေး ကွက်အခြေအနေ၊  ဝယ်လိုအားထက် ရောင်းလိုအား    အခြေအနေတို့အပေါ် မူတည်ပါတယ်။

လက်ရှိ ကမ္ဘာ့ကုန်စည်နဲ့ဝန်ဆောင် မှုဈေးကွက်အခြေအနေကို    ကြည့်ရင် ဗိုလ်ကျစိုးမိုးတဲ့နည်းလမ်းနဲ့ တစ်ကမ္ဘာ လုံးကို  ထိန်းချုပ်လိုနေတဲ့   အမေရိကန် ဦးဆောင် အနောက်အုပ်စုရဲ့  အမျိုးမျိုး သော     လုပ်ဆောင်ချက်များကြောင့် ကမောက်ကမဖြစ်နေပါတယ်။

စီးပွားရေးနဲ့စွမ်းအင်မှာ  အင်အား ကြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ရုရှားအပေါ်ကို အနောက်အုပ်စုက    အရေးယူပိတ်ဆို့မှု တွေချမှတ်ခြင်းကလည်း ကမ္ဘာ့ဈေးကွက် မှာရောင်းလိုအားကို ကျဆင်းစေပါတယ်။ ဥပမာအားဖြင့် ရေနံကိုကြည့်ပါ။
စီးပွားရေးပညာရပ်သဘောတရား အရ ရောင်းလိုအားထက် ဝယ်လိုအားများ ရင် ကုန်ဈေးနှုန်းတက်လေ့ရှိတဲ့အတိုင်း ကုန်ဈေးနှုန်းတက်ရခြင်း   အကြောင်း ရင်းက    ဘာကြောင့်ဆိုတာကိုလည်း အနည်းငယ်တီးခေါက်မိပြီထင်ပါတယ်။
အခုဆက်ပြီး နိုင်ငံတစ်နိုင်ငံရဲ့စီးပွား ရေးတိုးတက်လား/ကျဆင်းလားဆိုတာ ကို   တိတိကျကျသိရှိလိုရင်တော့   ကိန်း ဂဏန်းအချက်အလက်များနဲ့  တိုက်ဆိုင် စစ်ဆေးဖို့ လိုအပ်တဲ့အကြောင်း ပြောချင် ပါသေးတယ်။

အထူးသဖြင့် မြန်မာနိုင်ငံရဲ့စီးပွားရေး တိုးတက်နေလား၊     ကျဆင်းနေလား ဆိုတာနဲ့    ပတ်သက်ပြီး    သက်ဆိုင်ရာ ဝန်ကြီးဌာနများကထုတ်ပြန်တဲ့    ကိန်း ဂဏန်းအချက်အလက်များနဲ့ တိုက်ဆိုင် စစ်ဆေးမှသာ အခြေအနေအမှန်ကို သိရှိ နိုင်မှာပါ။

အချိန်တိုအတွင်း စီးပွားရေးပြန်လည်ဦးမော့နိုင်

နောက်တစ်ချက်က      စီးပွားရေး ကျဆင်းတယ်ဆိုတာ       ဘောဂဗေဒ ဘာသာရပ်    အယူအဆတစ်ခုဖြစ်တဲ့  စီးပွားရေးအတက်အကျ     သံသရာ စက်ဝန်းအတွင်းမှာ   ဖြစ်လေ့ဖြစ်ထရှိ တဲ့အရာသာဖြစ်ပြီး   အကြောင်းခြင်းရာ ကြီးကြီးမားမားမရှိဘူးဆိုရင်  အချိန်တို အတွင်းမှာ စီးပွားရေးပြန်လည်ဦးမော့နိုင် ပါတယ်။

တစ်ကမ္ဘာလုံးမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလတစ်လျှောက်   ကမ္ဘာ့ နိုင်ငံအသီးသီးရဲ့ ကုန်ထုတ်စွမ်းအားတွေ အကုန်ကျဆင်းကုန်ပါတယ်။     အဓိက ကတော့       ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက်    လော့ဒေါင်း တွေ ချမှတ်လိုက်လို့ပါ။

ဒီလိုလော့ဒေါင်းတွေ     မဖြစ်မနေ ချမှတ်ရတဲ့အတွက် ရောဂါကူးစက်ပျံ့နှံ့ မှုက   အထိုက်အလျောက်  လျော့နည်း သွားပေမယ့်  ကုန်ထုတ်လုပ်မှုကျဆင်း ခြင်းကတော့ အလွန်လျင်မြန်တဲ့နှုန်းနဲ့ တစ်ကမ္ဘာလုံးကို ကူးစက်သွားပါတယ်။
အဲဒီ     အချိန်ကာလတွေတုန်းက မြန်မာနိုင်ငံရဲ့စီးပွားရေးတိုးတက်မှုသည် လည်း အကျဘက်မှာသာ ရှိနေခဲ့တာပါ။ ဒါဟာ ကိုယ့်တစ်နိုင်ငံတည်းဖြစ်နေတာမဟုတ်ဘဲ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဖြစ်တဲ့ အနေအထားဖြစ်ပါတယ်။
ဒါပေမယ့် ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့နှံ့မှုတွေ  အနည်းငယ်တန့်သွားချိန်မှာ တော့   မြန်မာနိုင်ငံအစိုးရဖြစ်တဲ့  နိုင်ငံ တော်     စီမံအုပ်ချုပ်ရေးကောင်စီက လည်း တခြားနိုင်ငံများထက်ပိုတဲ့ လုံ့လ၊ ဝီရိယ၊  ဝါယမနဲ့ကြိုးစားပြီး   စီးပွားရေး ဖွံ့ဖြိုးမှုတိုးတက်လာအောင် လုပ်ဆောင် ခဲ့ပါတယ်။

အရေးပါတဲ့ကဏ္ဍများ ဦးစားပေးမြှင့်တင်

ဒီလိုလုပ်ဆောင်တဲ့နေရာမှာ သွင်း ကုန်ပမာဏကို လျှော့ချနိုင်သမျှလျှော့ချ ခြင်း၊ ပို့ကုန်ပမာဏကို တိုးမြှင့်နိုင်သမျှတိုးမြှင့်ခြင်း၊ အလုပ်လက်မဲ့နှုန်းကျဆင်း အောင်ဆောင်ရွက်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုတိုးမြင့်လာအောင်     အခြေအနေအခွင့် အလမ်းများဖန်တီးပေးခြင်း    အစရှိတဲ့ စီးပွားရေးတိုးတက်မှုအတွက်   အရေးပါ တဲ့ကဏ္ဍများကို  ဦးစားပေးပြီး  မြှင့်တင် လာတာ တွေ့ရပါတယ်။

အများမြင်သာအောင် ရှင်းလင်းပြနိုင် ဖို့အတွက် ဘဏ္ဍာရေးနှစ်လေးတွေခွဲပြီး ပြောပြသွားပါမယ်။ အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ)၊ ၂၀၂၀-၂၀၂၁   ဘဏ္ဍာနှစ်  (၂၀၂၀  ပြည့်နှစ် အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် စက်တင် ဘာလအထိ)၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆ လ) (၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ)နဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၂၀၂၂ ခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ် မတ်လအထိ) ဆိုပြီးအချိန်အပိုင်းအခြားနဲ့ခွဲပြောသွားပါမယ်။

အခုတင်ပြမယ့် အချက်အလက်တွေ ကိုတော့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဒီနှစ်  ဩဂုတ်လထုတ်   ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ   အချက်အလက်များ စာစောင် (Citizen’s Budget) မှာ ဖော်ပြ ထားတဲ့အချက်အလက်တွေ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားတဲ့ ကာလ   ၂၀၁၉-၂၀၂၀   ဘဏ္ဍာနှစ်မှာ စီးပွားရေးတိုးတက်မှုနှုန်းက ၃ ဒသမ ၂၀ ရာခိုင်နှုန်းရှိပါတယ်။ သုံးငွေပမာဏနဲ့ GDP အချိုးက ၂၈ ဒသမ ၅၆ ရာခိုင်နှုန်း အထိရှိပါတယ်။   ရငွေပမာဏနဲ့   GDP အချိုးကတော့ ၂၂ ဒသမ ၃၃ ရာခိုင်နှုန်းပါ။ လိုငွေပမာဏနဲ့ GDP အချိုးက ၆ ဒသမ ၂၃ ဖြစ်ပါတယ်။  
မြန်မာနိုင်ငံမှာသာမက    ကမ္ဘာ တစ်ဝန်းမှာပါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား မှုအဆိုးဆုံးလို့ ပြောနိုင်တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ မြန်မာနိုင်ငံရဲ့ စီးပွား ရေး ကျဆင်းမှုက      ထိတ်လန့်စရာ  အခြေအနေပါပဲ။ စီးပွား ရေးတိုးတက်မှုနှုန်းက   အနုတ်  ၅  ဒသမ ၉၀  ရာခိုင်နှုန်းရှိပါတယ်။ သုံးငွေပမာဏနဲ့ GDP အချိုးက ၂၃ ဒသမ ၇၄   ရာခိုင်နှုန်း၊  ရငွေပမာဏနဲ့   GDP အချိုးက ၁၆ ဒသမ ၁၈  ရာခိုင်နှုန်းရှိပါ တယ်။ လိုငွေပမာဏနဲ့  GDP  အချိုးက တော့ ၇ ဒသမ ၅၆ အထိ မြင့်တက်လာပါတယ်။

စီးပွားရေးတိုးတက်မှုနှုန်း 
၃ ဒသမ ၈၀ ရာခိုင်နှုန်းအထိမြင့်တက်လာ

လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆ လ) အတွင်းမှာ စီးပွားရေးသိသိသာသာတိုးတက်လာတာကိုတွေ့ရပါတယ်။   ဒီကာလအတွင်း   စီးပွားရေး တိုးတက်မှုနှုန်းက ၃ ဒသမ ၈၀ ရာခိုင်နှုန်း အထိမြင့်တက်လာတာကို   အားရဖွယ် တွေ့ရပါတယ်။

ဒီနေရာမှာ   အားရဖွယ်လို့သုံးရတဲ့ အကြောင်းရင်းက အနုတ် ၅ ဒသမ ၉၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားတဲ့ စီးပွား ရေးကို ၃ ဒသမ ၈၀  ရာခိုင်နှုန်းအထိ တိုးတက်အောင်  လုပ်ဆောင်နိုင်တာ ဟာ     တော်တော်မြင့်မားတဲ့      စီးပွားရေး တိုးတက်မှုပမာဏလို့ ဆိုနိုင်တဲ့အတွက် ဖြစ်ပါတယ်။

အခုလက်ရှိ     ဘဏ္ဍာရေးနှစ်ဖြစ်တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာတော့ စီးပွား ရေးတိုးတက်မှုနှုန်းက ၃ ဒသမ ၇၀ ရာခိုင် နှုန်းရှိမယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။

အရပ်ထဲနဲ့    အင်တာနက်အသိုင်း အဝိုင်းမှာတော့   တချို့ကပြောကြတာ ရှိပါတယ်။ ကမ္ဘာ့ ဘယ်အဖွဲ့အစည်းက တော့ မြန်မာ့စီးပွားရေးနဲ့ပတ်သက်ပြီး ဘယ်လိုထုတ်ပြန်လိုက်ပြီ၊ မြန်မာ့စီးပွားရေးတိုးတက်မှုကျဆင်းနေပြီ၊   မြန်မာ နိုင်ငံရဲ့စီးပွားရေးက ဇောက်ထိုးပြုတ်ကျ နေပြီ ဆိုပြီးတော့ပြောနေကြတာပါ။

အခြေအမြစ်မခိုင်မာတဲ့ ထုတ်ပြန်ချက် တွေ ဂရုမပြုမိဖို့ အရေးကြီး

တကယ်တမ်း   လက်တွေ့ကျကျ ဆန်းစစ်ကြည့်ရင် ကိုယ့်မိသားစုရဲ့ဝင်ငွေ အမှန်၊ အသုံးစရိတ်အမှန်၊ ကုန်ထုတ်လုပ် မှုအမှန်ကို  ကိုယ်ကိုယ်တိုင်ကသာ အသိ ဆုံးမဟုတ်ပါလား။  ဒါကြောင့်  အစိုးရရဲ့    တရားဝင်ထုတ်ပြန်ချက်ကလွဲလို့  အခြေ အမြစ်မခိုင်မာတဲ့ ထုတ်ပြန်ချက်တွေကို   ဂရုမပြုမိဖို့ အရေးကြီးပါတယ်။

အခုလိုမျိုး   နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက       နိုင်ငံရဲ့စီးပွားရေး တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်မှု များနဲ့ပတ်သက်ပြီး ကိန်းဂဏန်းအချက် အလက်တချို့ကို တင်ပြချင်ပါသေးတယ်။ ဒီအချက်အလက်တွေကိုတော့ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရှိ    ကုန်သွယ်ရေးဦးစီးဌာနရဲ့အချက် အလက်များကို   ကိုးကားထားပါတယ်။
၂၀၁၉-၂၀၂၀  ဘဏ္ဍာနှစ်မှာ  ပြည်ပ ပို့ကုန်တန်ဖိုး   စုစုပေါင်းက    အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၇၆၈၁ ဒသမ ၀၈၉၊ သွင်းကုန်တန်ဖိုးစုစုပေါင်းက အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၉၀၅၀ ဒသမ ၈၅၆ ရှိတာကြောင့်   ကုန်သွယ်မှုလိုငွေ   စုစု ပေါင်းက အမေရိကန်ဒေါ်လာသန်းပေါင်း ၁၃၆၉ ဒသမ ၇၆၇ ရှိပါတယ်။

တစ်နည်းပြောရရင်   ကုန်သွယ်မှု လိုငွေပမာဏ များပြားနေတာက  နိုင်ငံရဲ့ စီးပွားရေးမှာ  ထွက်ငွေများနေတာကို ပြသနေတာဖြစ်တဲ့အတွက် စီးပွားရေး တိုးတက်မှုက တိုးမြင့်နေလား၊ ကျဆင်း နေလားဆိုတာကို အထင်းသားမြင်သာ စေပါတယ်။

(၆ လ) အတွင်း ကုန်သွယ်မှုပိုငွေ ဒေါ်လာ သန်းပေါင်း ၃၄၃ ဒသမ ၄၂၇ အထိဖြစ်လာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်   နိုင်ငံ့စီးပွားရေးကို အပြည့်အဝ အကောင်အထည်ဖော်လာ နိုင်တဲ့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆ လ) တာကာလအတွင်းမှာပင်   ကုန်သွယ်မှု ပိုငွေပမာဏက အမေရိကန်ဒေါ်လာသန်း ပေါင်း ၃၄၃ ဒသမ ၄၂၇ အထိပြန်ဖြစ်လာ ပါတယ်။

အခုဘဏ္ဍာရေးနှစ်ဖြစ်တဲ့     ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ခြောက်လတာကာလ ဖြစ်တဲ့ ဧပြီလ ၁ ရက်ကနေ စက်တင်ဘာ လ ၉ ရက်အထိ ပို့ကုန်တန်ဖိုးစုစုပေါင်းက အမေရိကန်ဒေါ်လာသန်းပေါင်း ၇၆၀၀ ဒသမ ၄၂၅ နဲ့ သွင်းကုန်တန်ဖိုးစုစုပေါင်းက အမေရိကန်ဒေါ်လာသန်းပေါင်း  ၇၄၆၁ ဒသမ ၅၄၅ ဖြစ်တဲ့အတွက် ကုန်သွယ်မှု ပိုငွေ ပမာဏက အမေရိကန်ဒေါ်လာသန်း ပေါင်း  ၁၃၈ ဒသမ ၈၈  ရှိတာကိုလည်း တွေ့ရပါတယ်။ 

အခုလိုမျိုး  ကုန်သွယ်ရေးမှာ  ကုန် သွယ်မှုပိုငွေပြတာဟာ နိုင်ငံရဲ့စီးပွားရေး တိုးတက်မှုကိုပြသတဲ့ ကိန်းညွှန်းတစ်ခုပဲ မဟုတ်ပါလား။

နောက်တစ်ခုက     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေနဲ့ ကိုယ့်နိုင်ငံ အတွင်းမှာ   ရင်းနှီးမြှုပ်နှံမှုတိုးမြင့်လာအောင်  အခြေအနေအခွင့်အလမ်းများ ဖန်တီးပေးနေတာကိုလည်း    တွေ့ရပါ တယ်။ ဒီလိုအခွင့်အလမ်းများ ဖန်တီးပေး မှုနဲ့အတူ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတာ ကိုလည်း မြင်တွေ့ရပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ရဲ့ စာရင်းအချက်အလက်များအရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ ဩဂုတ်လကုန် အထိကို      နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုစုပေါင်း ၃၅ ခုမှ အမေရိကန် ဒေါ်လာ   ၁ ဒသမ ၂    ဘီလီယံကျော် ဝင်ရောက်လာတယ်လို့ သိရပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်းလာ

ကိုယ့်နိုင်ငံအတွင်းကို ရင်းနှီးမြှုပ်နှံမှု တွေဝင်လာတာနဲ့အမျှ   အလုပ်အကိုင် အခွင့်အလမ်းများလည်း ပေါများလာတာ အမှန်ပါပဲ။ ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ပိတ်ခဲ့ရတဲ့စက်ရုံများ ကလည်း ယခုအခါမှာပြန်လည်ဖွင့်လှစ် လာတာကို    တွေ့ရတဲ့အတွက်   အလုပ် အကိုင်အခွင့်အလမ်းများ ပွင့်လန်းလာ ပါတယ်။

နိုင်ငံအတွင်းမှာ   ပြည်ပရင်းနှီးမြှုပ် နှံမှုတွေ တိုးမြင့်လာစေဖို့အတွက် အစိုးရ အနေနဲ့ ကြိုးပမ်းအားထုတ်ရာမှာ နိုင်ငံ တော်    စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်    မူဝါဒများ ချမှတ်ကာ    ရှေ့ဆုံးကနေ     ဦးဆောင် လမ်းပြအနေနဲ့   အကောင်အထည်ဖော် နေတာကိုလည်း တွေ့ရပါတယ်။

မကြာသေးမီက ရုရှားနိုင်ငံ ဗလာ ဒီဗော့စတော့ခ်မြို့မှာ ကျင်းပပြီးစီးသွား တဲ့  အရှေ့ဖျားစီးပွားရေးဖိုရမ်ကို   နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ   တက်ရောက်ဆွေးနွေးရာမှာလည်း  ဘင်္ဂ လားပင်လယ်အော်အတွင်းရှိ  မြန်မာနိုင်ငံ ၏ ရေပိုင်နက်အတွင်း သဘာဝဓာတ်ငွေ့ ကုဗပေ ၂ ထရီလီယံကျော်    တွေ့ရှိပြီး မကြာမီ     စီးပွားဖြစ်ထုတ်ယူနိုင်တော့ မယ့်အခြေအနေ၊ အလားတူ အဲဒီသဘာဝ ဓာတ်ငွေ့သိုက်ထက် ပိုကြီးတဲ့ ဓာတ်ငွေ့ သိုက်တစ်ခုကို  တူးဖော်နိုင်တော့မယ့် အလားအလာတို့နဲ့အတူ  နိုင်ငံအတွင်း သဘာဝဓာတ်ငွေ့     အခြေခံတဲ့စက်မှု လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်တဲ့အတွက်  ရင်းနှီးမြှုပ်နှံလိုသူများကိုဖိတ်ခေါ်ကြောင်း ပြောခဲ့ပါသေးတယ်။

ဒီနေရာမှာ  စီးပွားရေးတိုးတက်မှုကိုတိုင်းတာတဲ့အညွှန်းကိန်းများ  တစ်ခုပြီး တစ်ခု  တိုးတက်လာလေလေ  နိုင်ငံရဲ့ စီးပွားရေးလည်း တိုးတက်လာလေလေ ဖြစ်လာမှာ အမှန်ပါပဲ မဟုတ်ပါလား။

မြန်မာ့စီးပွားရေးပျက်ယွင်းအောင် နည်းမျိုးစုံသုံးနှောင့်ယှက်

ဒါကြောင့်  ကျွန်တော့်ရဲ့တင်ပြချက် ကို    ပြန်လည်အနှစ်ချုပ်ရမယ်ဆိုရင် ကမ္ဘာ့ဈေးကွက်   ကမောက်ကမဖြစ် အောင် လုပ်ဆောင်သူတွေ၊ ပြည်တွင်း၊ ပြည်ပက နိုင်ငံရေးရည်မှန်းချက်ကြောင့် မြန်မာ့စီးပွားရေးပျက်ယွင်းအောင် နည်း မျိုးစုံသုံးနှောင့်ယှက်၊ လှုံ့ဆော်နေသူတွေ ကြောင့်သာ ကုန်ဈေးနှုန်းကြီးမြင့်နေရတာဖြစ်ပြီး ကုန်ဈေးနှုန်းကြီးမြင့်ခြင်းက နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု/ကျဆင်းမှု အခြေအနေအပေါ် တိုက်ရိုက် အချိုးကျနေခြင်း မရှိပါဘူး။
အထက်မှာတင်ပြခဲ့တဲ့  စာရင်းအင်း အချက်အလက်တွေကို    ပြန်ကြည့်ရင် တစ်ကမ္ဘာလုံး ရင်ဆိုင်ခံစားရတဲ့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအချိန်ရဲ့နောက်ပိုင်း ကာလတွေမှာ စီးပွားရေးတိုးတက်မှုနှုန်း က မထင်ထားလောက်အောင်မြင့်တက် လာတာကို တွေ့ရမှာပါ။

ကဏ္ဍပေါင်းစုံ ကြိုးပမ်းအကောင်အထည်ဖော်

ဆက်လက်ပြီးတော့လည်း   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံရဲ့ စီးပွားရေး စဉ်ဆက်မပြတ်တိုးတက်စေ ဖို့အတွက် လုပ်ဆောင်ရာမှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံ တော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ရှေ့ဆုံးကနေတက်တက်ကြွကြွပါဝင်ပြီး ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံကနေ  ကြိုးပမ်းအကောင် အထည်ဖော်နေတာကိုလည်း  မြင်တွေ့ ရမှာပါ။

ကျွန်တော်တို့     မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေးကို       အခြေတည်ပြီး အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စု ရဲ့ ဘက်ပေါင်းစုံကနေ တိုက်ခိုက်မှုကြီးကို ခံစားနေရတာပါ။     ချမှတ်ခံထားရတဲ့ အရေးယူပိတ်ဆို့မှုတွေဆိုရင်လည်း ဒုနဲ့ ဒေးပါပဲ။
ဒီလို    အခြေအနေမျိုးမှာတောင်မှ အရှုံးမပေးဘဲ နိုင်ငံတော်ကိုအဘက်ဘက် ကနေ တည့်မတ်ရင်း နိုင်ငံရဲ့စီးပွားရေး စဉ်ဆက်မပြတ်    တိုးတက်ဖွံ့ဖြိုးလာ အောင် အခက်အခဲတွေကြားက ကြိုးစား ဖော်ဆောင်ပေးသူတွေရဲ့    စေတနာကို အချက်အလက်အပေါ်      အခြေခံပြီး ကြည့်လှည့်ပါမှ       နိုင်ငံရဲ့စီးပွားရေး တိုးတက်မှုကို မြင်တွေ့ရမှာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။            ။