အခမဲ့ အခြေခံကွန်ပျူတာ သင်တန်းဆင်းပွဲ မြောင်းမြ၌ ပြုလုပ်

မြောင်းမြ  ၇  အောက်တိုဘာ

 

အခမဲ့ အခြေခံ ကွန်ပျူတာသင်တန်း(၅/၂၀၁၈)သင်တန်းဆင်းပွဲကို အောက်တိုဘာလ ၆ ရက်က ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းကို မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်  ဒေးရှင်းတို့ ပူးပေါင်း၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး Friends Library အဖွဲ့မှ ဆရာဦးထွန်းလင်းမှ ကွန်ပျူတာအခြေခံ Microsoft Word ၊ Excel နှင့် Power Point သင်ခန်းစာများကို ပို့ချပေးခဲ့ကြောင်း သိရသည်။ 

 

သင်တန်းတွင် ထူးချွန်ကြသော သင်တန်းသူ၊ သင်တန်းသားများကို ဆရာဦးထွန်းလင်းမှ အမှတ်တရလက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကိုပေးအပ်ခဲ့ကြောင်း သိရသည်။

 

စန္ဒာမိုး (ပြန်/ဆက်)