ကျုံပျော် ၇ နိုဝင်ဘာ
ကျေးလက်နေပြည်သူများ စွမ်းဆောင်ရည်မြင့်မားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးကို ရည်ရွယ် ကျုံပျော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးဆောင်ကာ တစ်လုံးထိုးဒီဇယ်အင်ဂျင်(အခမဲ့)စက်ပြင်သင်တန်းကို နိုဝင်ဘာ ရ ရက်က အဆိုပါရုံး၌ ဖွင့်လှစ်သည်။
ဖွင့်ပွဲတွင် မြို့နယ်ကျေးလက်ဦးစီးမှူး ဦးလိန်းကွီးက " မိမိတို့ဌာနအနေဖြင့် ကျေးလက်နေ ပြည်သူများ၏ အကျိုးစီးပွားကိုမြှင့်တင်ဆောင်ရွက်ပေးနိုင်ရန် ဝင်ငွေတိုးပွားရေး သင်တန်းများကို ဖွင့်လှစ် သင်ကြားပေးလျှက်ရှိကြောင်း၊ ယခု သင်ကြားပေးမည့် တစ်လုံးထိုး အင်ဂျင်စက်သည်လည်း ကျေးရွာတိုင်းရှိ တောင်သူအများအပြား အသုံးပြုနေသော စက်ပစ္စည်း ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်ကြားမှုကို စနစ်တကျ သင်ယူခြင်းဖြင့် မိသားစု အကျိုးအတွက် သာမက ရပ်ရွာကိုပါအကျိုးပြုနိုင် မည်ဖြစ်သဖြင့်ကြိုးစားကြရန် တိုက်တွန်း ပါကြောင်း " ဖြင့် အမှာစကားပြောကြားသည်။
အဆိုပါ သင်တန်းသို့ မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား (၂၆)ဦး တက်ရောက်ခဲ့ကြပြီး၊ နိုဝင်ဘာ ရ ရက်မှ ၂၆ ရက်နေ့အထိ (၂၀) ရက်ကြာ စာတွေ့ လက်တွေ့ သင်ကြားပို့ချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
နေဝင်း(ကျုံပျော်)


