ရန်ကုန်  ၁  ဒီဇင်ဘာ

ဖိလစ်ပိုင်နိုင်ငံတွင် နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၁၁ ရက်အထိ ကျင်းပပြုလုပ်မည့် အကြိမ် (၃၀) မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်  သေနတ်ပစ် အားကစားအဖွဲ့မှ ၂ ဦး၊ အလေးမအဖွဲ့ ၃ ဦး၊ ဘိလိယက်အဖွဲ့မှ  ၉ ဦး၊ Fencing အဖွဲ့ ၆ ဦး၊ လက်ဝှေ့ ၁၁ ဦး၊ ဂျူဒိုအဖွဲ့ ၁၈ ဦး စုစုပေါင်း ၄၉ ဦးတို့သည် ယနေ့နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားကြောင်း သိရသည်။

 

3114

 

အဆိုပါအားကစားသမားများအား အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ သက်ဆိုင်ရာ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် အမှုဆောင်များ၊ မိဘဆွေမျိုးများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ သိရသည်။

MDN