နေပြည်တော်  ၁   ဒီဇင်ဘာ

 

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသည့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ‌ ဘောလုံးပွဲစဉ်များတွင် အုပ်စုပွဲစဉ်များအဖြစ် မြန်မာအသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့သည် ဒီဇင်ဘာ (၂)ရက်တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

 

အဆိုပါ ပွဲစဉ်အား ယင်းနေ့ ညနေ (၆) နာရီမှစတင်၍ မြန်မာ့ရုပ်မြင်သံကြား (MRTV)၊ MRTV Sport Channel နှင့် မြန်မာ့အသံရေဒီယို အစီအစဉ်တို့မှ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)