မြစ်ကြီးနား ၂၃ အောက်တိုဘာ
Pen Myanmar မှဦးဆောင်၍ ၁၃၀ကြိမ်မြောက်ရသအစုန်အဆန်ရေးသူဖတ်သူစုန်ဆန်ပွဲကို ယနေ့ မွန်းလွဲ(၁)နာရီတွင် မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန(Community Center)၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရသအစုန်အဆန်ဆွေးနွေးပွဲတွင် စာရေးဆရာ စောနဒီ(မြစ်ကြီးနား)က “ ရန်ကုန်မြို့ကြီးမှ ဘဝ ရှိတာ မဟုတ်ဘူး။ နေပြည်တော်ကြီးမှဘဝရှိတာမဟုတ်ဖူး” ကဗျာ ၊ ကဗျာဆရာမ Jasmine က ”မမေ့လိုက်ကြပါနဲ့” ၊ စာရေးဆရာစောဝေက “မြစ်ကြီးနား” ၊ ကဗျာဆရာ လူ့မနောက ”စစ်”၊ စာရေးဆရာမရှင်းသန့်ချို(အိပ်မက်မြူ)က ”မွေးရပ်မြေ (သို့) ရန်ကုန်” ၊ စာရေးဆရာ မိုးသက်ဆွေ (လကျာ်ဝင်း)က “တွင်းဆုံ”၊ စာရေးဆရာမစုမီအောင်က “ထင်ရှားတဲ့ နိမိတ်ဆိုးမို့ အိပ်မက်တွေကို ကြောက်တယ်” ၊ ကဗျာဆရာအာဒမ်(မော်) က”စနစ်” ကဗျာအသီးသီးကို လည်းကောင်း၊ စာရေးဆရာထီလာသန်းနိုင်က “လေပင့်ခတ်ချက်တိုင်း ကြီးရင့်စွာဖြတ်သန်းခဲ့တဲ့ သမိုင်းမဲ့ မန်ကျည်းရွက်လိုလူစားမဟုတ်သူများအတွက် လျှောက်လဲထွက်ဆိုမှုတစ်ကွက်” လေးချိုးလတ် ၊ စာရေးဆရာမနန်းကြာဖြူ (ဖားအံ)က”တပြည်ကိုသွား သူ့အားသိစေလို” ၊ စာရေးဆရာလင်းဇော်ဦးက “အမွေအနှစ်” ဝတ္ထုတိုများ နှင့် စာရေးဆရာမ မသီတာ(စမ်းချောင်း)က “သတင်းအချက်အလက် ရပိုင်ခွင့်ဥပဒေ အကြောင်းအရာများ” ကိုလည်းကောင်း ဟောပြော ဆွေးနွေးခဲ့ရာ တက်ရောက်လာသူ စာပေဝါသနာရှင်များက ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ရသစုန်ဆန်ဆွေးနွေးပွဲများကိုလွတ်လပ်စွာရေးသားထုတ်ဖော် ပြောဆိုခွင့်ကို ကာကွယ်ရန်နှင့် မြှင့်တင်ပေးရန်၊သစ်လွင်သော စာပေယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်လာစေရန်၊ ကျောင်းပညာရေးနှင့် ရသစာပေ ဆက်စပ်ရေးဆောင်ရွက်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း Pen Myanmar ဥက္ကဌ ဦးမျိုးမြင့်ညိမ်းက ပြောကြားခဲ့သည်။ အဆိုပါ ရသစုန်ဆန် ဆွေးနွေးပွဲကို စာရေးဆရာများ၊ စာပေဝါသနာရှင်များ နှင့်လူငယ်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်ချိုအောင်(ပြန်/ဆက်)


