နေပြည်တော် ဧပြီ ၂၈
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အကြိမ် (၃၀)မြောက် မုတ်သုံဖိုရမ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်သည်။
အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက အဖွင့်အမှာစကား ပြောကြားသည်။
အကြိမ်(၃၀)မြောက် မုတ်သုံဖိုရမ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းရာ သီကာလ အတွက် ထုတ်ပြန်ပေးခဲ့သည့် မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာ ယေဘုယျခန့်မှန်းချက် များကို သုံးသပ်တင်ပြခြင်း၊ အဆိုပါကာလအတွက် စိုက်ပျိုးရေး မိုးလေဝသအခြေအနေများကို သုံးသပ်တင်ပြခြင်း၊ လာမည့် ၂၀၂၃ ခုနှစ်၊ မိုးရာသီကာလ(အနောက်တောင်မုတ်သုံ ရာသီကာလ)အတွက် မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ယေဘုယျခန့်မှန်းချက်များကို တင်ပြဆွေးနွေးခြင်နှင့် အယ်လ်နီညိုရာသီဥတု အခြေအနေသုံးသပ် တင်ပြခြင်းများ ဆောင်ရွက်ကြသည်။
ထို့နောက် တက်ရောက်လာသောဌာနများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်းရာသီကာလအတွင်း တွေ့ကြုံခဲ့သောအခြေအနေများကိုတင်ပြခြင်း၊ ၂၀၂၃ ခုနှစ်၊ မိုးရာသီ ကာလအတွက် ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှု အခြေအနေများအား တင်ပြဆွေးနွေးခြင်း၊ လိုအပ်ချက်များနှင့် အကြံပြုချက်များကို ဆွေးနွေးခြင်းစသည်တို့ကို ဆောင်ရွက်ကြပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက နိဂုံးချုပ် အမှာစကား ပြောကြားသည်။
အဆိုပါ မုတ်သုံဖိုရမ်ကို ၂၀၀၇ ခုနှစ်မှစတင်၍ တစ်နှစ်လျှင် (၂)ကြိမ် ပုံမှန်ကျင်းပခဲ့ရာ ယခု အစည်းအဝေးသည် အကြိမ်(၃၀)မြောက်ဖြစ်သည်။
(သတင်းစဉ်)