နေပြည်တော်   အောက်တိုဘာ   ၂၅


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏     လမ်းညွှန်စီမံခန့်ခွဲမှုဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး   ရန်ပုံငွေဖြင့်    စိုက်ပျိုးရေး၊   မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက  အကျိုးတူလယ်ယာစနစ်   (Contract Farming) စနစ်အား   အကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိပါ သည်။


၂၀၂၂-၂၀၂၃   ဘဏ္ဍာနှစ်တွင်  နွေစပါးသီးနှံနှင့် ဆောင်းပဲတီစိမ်း သီးနှံအား     အကျိုးတူ    လယ်ယာ(Contract Farming)စနစ်ဖြင့် ဆောင်ရွက်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ  ပဲမျိုးစုံ၊  ပြောင်းနှင့်  နှမ်းကုန်သည် များ အသင်း၊  မြန်မာနိုင်ငံ မြေဩဇာ၊  မျိုးစေ့နှင့်  စိုက်ပျိုးရေးဆေး  လုပ်ငန်း ရှင်များအသင်းတို့နှင့်     ညှိနှိုင်း၍    အကျိုးတူလယ်ယာစနစ်ဖြင့် ဆောင်ရွက်လိုသော ကုမ္ပဏီများအား ဖိတ်ခေါ်ထားပြီးဖြစ်ပါသည်။
 စိတ်ပါဝင်စားသော   ကုမ္ပဏီများ၊   အသင်းအဖွဲ့များအနေနှင့် စပါးသီးနှံအတွက်    မြန်မာနိုင်ငံ    ဆန်စပါးအသင်းချုပ်နှင့်    လည်း ကောင်း၊ ဆောင်းပဲတီစိမ်းသီးနှံအတွက် မြန်မာနိုင်ငံ  ပဲမျိုးစုံ၊  ပြောင်း နှင့် နှမ်းကုန်သည်များအသင်းနှင့်လည်းကောင်း၊ တောင်သူများကို သွင်းအားစုဖြန့်ဖြူးနိုင်ရေးအတွက်  မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းတို့နှင့်လည်းကောင်း  အမြန် ဆက်သွယ်ဆောင်ရွက်နိုင်ပါရန်   ထပ်မံအသိပေး   ထုတ်ပြန်အပ်ပါ သည်။


အသေးစိတ်သိရှိလိုပါက   မြန်မာနိုင်ငံ    ဆန်စပါးအသင်းချုပ်၊ (၀၁-၂၁၈၂၆၆၊၀၁-၂၃၀၁၁၂၈)၊  မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း ကုန်သည်များအသင်း၊  (၀၁-၂၃၁၄၈၂၈၊ ၀၁-၂၃၁၄၈၃၆)၊ မြန်မာနိုင်ငံ မြေဩဇာ၊    မျိုးစေ့နှင့်   စိုက်ပျိုးရေး   ဆေးလုပ်ငန်းရှင်များအသင်း၊ (၀၉-၇၆၅၄၁၁၃၇၀၊ ၀၉-၅၀၁၂၆၆၂)တို့အား  ဆက်သွယ်စုံစမ်းနိုင်ပါ သည်။


             စိုက်ပျိုးရေးဦးစီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန