ဝါးခယ်မ ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)ဖြင့် အမှုဖွင့်လှစ်ခံထားရသူတစ်ဦး ဇွန် ၂၄ ရက် မွန်းလွဲပိုင်းက  ပြည်သူ့ဘဝသို့ ပြန်လည် ဝင်ရောက်လာကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

အဆိုပါ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) အမှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသော ဦးနိုင်ဝင်း၏သား အောင်ကျော်ဇင် ၂၂ နှစ်သည် အကြမ်းဖက်အဖွဲ့အစည်း၏ ငွေစာရင်းအမှတ်များသို့ ၎င်းကိုင်ဆောင်သော ဖုန်းဖြင့် WAVE PAY မှ တစ်ဆင့် ငွေကြေးများ ထောက်ပံ့ခဲ့ကြောင်း စိစစ်တွေ့ရှိ ရသဖြင့် အရေးယူခံရပြီး ထွက်ပြေးတိမ်းရှောင်နေသူဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံ ဆက်သွယ်ဆောင်ရွက်နိုင်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ကြိုဆိုလက်ခံပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)