အကြမ်းဖက်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို နယ်သာလန်အာဏာပိုင်များ စုံစမ်းစစ်ဆေးနေ

တနင်္လာနေ့က ယူထရက်မြို့တော်တွင် ဖြစ်ပွားခဲ့သည့်ပစ်ခတ်မှုတွင် အကြမ်းဖက်သမား၏ ရည်ရွယ်ချက်ကို သဲလွန်စဖော်ပေးနိုင်သည့် မှတ်တမ်းတစ်ခုကို တွေ့ရှိခဲ့ကြောင်း နယ်သာလန်နိုင်ငံမှ စုံစမ်းစစ်ဆေးသူများက ပြောကြားသည်။

လူသုံးဦး သေဆုံးခဲ့သည့် ဓာတ်ရထားတစ်စင်းအတွင်း ပစ်ခတ်မှုတွင် တူရကီနိုင်ငံမှ အသက်၃၇နှစ်အရွယ် ဂေါ့မင်းတာနစ်ဆိုသူကို နယ်သာလန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

အကြမ်းဖက်သမားဟု ယူဆရသည့်သူ၏ ကားထဲတွင် သံသယဖြစ်ဖွယ်ရာ စာတစ်စောင်ကို အင်္ဂါနေ့တွင် ရှာဖွေ တွေ့ရှိခဲ့ကြောင်း ရဲနှင့် အစိုးရရှေ့နေ့တို့က ပြောကြားသည်။ ယင်းစာထဲတွင် မည်သည့် အကြောင်းအရာများ ရေးသားထားသည်ကို ၎င်းတို့က ပြောကြားခဲ့ခြင်းမရှိပေ။

သေနတ်သမား တာနစ်သည် ၎င်းနှင့်မတည့်တော့သည့် ဆွေမျိုးတစ်ဦးကို အရင်ဆုံး ပစ်ခတ်ခဲ့ကြောင်း တူရကီ မီဒီယာများက ဖော်ပြသည်။ သို့သော်လည်း သေနတ်သမားဟု သံသယရှိသူနှင့် သေဆုံးသူ ၃ ဦးကြား ဆက်စပ်မှုကို ရှာဖွေနိုင်စွမ်းမရှိကြောင်း နယ်သာလန် စုံစမ်းစစ်ဆေးရေးမှူးများက ပြောကြားသည်။

ပုဂ္ဂိုလ်ရေးပြဿနာများနှင့် အခြားရည်ရွယ်ချက်များကို ထုတ်ဖော်ပြောကြားခြင်း မရှိကြောင်း စုံစမ်းစစ်ဆေးရေးမှူးများက ပြောကြားသည်။

အဆိုပါ သေနတ်ပစ်ခတ်မှုတွင် သံသယဖြစ်ဖွယ်ရာပါဝင်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည့် အသက် ၂၃ နှစ်နှင့် ၂၇နှစ်အရွယ် လူနှစ်ဦးကို စုံစမ်းစစ်ဆေးလျက်ရှိသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်

 

mdn