၁၃ မေ 

 

ပြီးခဲ့တဲ့ အီစတာ တနင်္ဂနွေက အသေခံတိုက်ခံခဲ့ရပြီးနောက် သီရိလင်္ကာနိုင်ငံမှာ ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ Facebook ၊ WhatsAppနှင့် တခြား ဆိုရှယ်မီဒီယာတွေ ဒီကနေ့ကစပြီး ပိတ်ပင်လိုက်ပါတယ်။ 

 

504936e

 

ဧပြီ ၂၁ ရက်နေ့က တိုက်ခံခဲ့ရပြီးနောက် ခရစ်ယန်တွေဟာ မူစလင်ပိုင်ဆိုင်တွေကို တိုက်ခိုက်မှုတွေ လုပ်ဆောင်နေရာ ဘာသာရေး တင်းမာမှုလက္ခဏာ အဖြစ်ရှိနေပါတယ်။ 

 

ချီလော ရှိ မူစလင် ဆိုင်ရှင်တစ်ဦးက “ရယ်မနေ နဲ့ တစ်နေ့ သေရမယ်” လို့ Facebook ပေါ်မှာတင်ခဲ့ရာ လူစုလူဝေးက အဲဒီဆိုင်ကို ဖျက်ဆီးတာမျိုးတွေဖြစ်ခဲ့ရာ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းမှ တနင်္လာနေ့ အရုဏ်တက်ချိန်အထိ ကာဖြူးအမိန့် ထုတ်ပြန်ခဲ့တာကိုတွေ့ရပါတယ်။ ချီလော ရှိရဲတပ်ဖွဲ့က နောက်ထပ် ပဋိပက္ခတွေ မဖြစ်အောင် ဆိုရှယ်မီဒီယာကို ပိတ်ပင်တာဖြစ်ကြောင်း ပြောပါတယ်။ 

 

b096d1d

 

အီစတာကျောင်းပိတ်ရက်ကို ဆက်လက်ပိတ်ခဲ့ရာ ကတ်သရစ် ပုဂ္ဂလိက ကျောင်းတွေကတော့ ပြီးခဲ့တဲ့အင်္ဂါနေ့က ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် ကျောင်းအများစုကတော့ လာမယ့် သီတင်းပတ်လောက်မှ ကျောင်းပြန်ဖွင့်ဖို့ ပြင်ဆင်နေကြောင်း ကျောင်းသားမိဘအသင်းတွေက ပြောပါတယ်။ 

 

လူဦးရေ ၂၁ သန်းသာရှိသော ဗုဒ္ဓဘာသာဝင် အများစုရှိတဲ့ သီရိလင်္ကာနိုင်ငံမှာ ခရစ်ယာန် ၇.၆ % နဲ့ မူစလင် ၁၀ % နီးပါးနေထိုင်ကြတာကို တွေ့ရပါတယ်။ 

 

MDN

 

ကိုးကား - AFP

 

dada9