နေပြည်တော် ဇန်နဝါရီ ၂၈
မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းက နေပြည်တော် အချုပ်ထောင်သို့ သွားရောက်၍ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများ အတွက် ဆေးဝါးများ၊ နေ့စဉ်သုံးပစ္စည်း၊ တစ်ကိုယ်ရေသုံး ပစ္စည်းနှင့် စားသောက်ဖွယ်ရာ ပစ္စည်းများကို ပေးအပ်လှူဒါန်းသည်။
ထို့ပြင် အကျဉ်းသူ မိခင်နှင့်အတူ ပါရှိလာသော ကလေးငယ်များအတွက်လည်း ဖြည့်စွက်အစားအစာနှင့် ကလေးအသုံးအဆောင်ပစ္စည်းများကို အကျဉ်းသူမိခင်များထံ လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်


