တီဟီရန် ၉ ဇွန်

 

အမေရိကန်နှင့် အီရန်နှစ်နိုင်ငံအကြား အကျဉ်းသားလဲလှယ်မှုပြုလုပ်ခဲ့ပြီး နောက်တွင် အမေရိကန် အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသည့် အီရန်ဆေးပညာရှင်တစ်ဦး ဇွန် ၈ ရက်တွင် ပြန်လွတ်လာပြီး နေအိမ်သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် တမ်ပါရှိဆေးပေး ခန်းတစ်ခု၌ အလုပ်လုပ်ကိုင်ခဲ့သည့် အီရန်-အမေရိကန် နိုင်ငံသား ဒေါက်တာ မာဂျစ်တက်ဟရီသည် အမေရိကန်ပြည်ထောင်စု၌ ၁၆ လ ကြာအောင် ထိန်းသိမ်းခံခဲ့ရသည်။

 

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် အီရန်၌ ဖမ်းဆီးခံရသည့် အမေရိကန် ရေတပ်ဖွဲ့ စစ်မှုထမ်းဟောင်း မစ်ချယ်လ်ဝှိုက်ကို အီရန်ကပြန်လွှတ် ပေးလိုက်ပြီးနောက်တွင် မာဂျစ်တက်ဟရီကို အမေရိကန်က ပြီးခဲ့သည့်ရက် သတ္တပတ်က ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။ တီဟီရန်ရှိ အီမန်ခိုမီနီ နိုင်ငံတကာလေဆိပ်သို့ ၎င်းပြန်လည်ရောက်ရှိလာချိန်တွင် အီရန်ဒုတိယ ပြည်ထဲရေးဝန်ကြီး ဟူစိန်ဂျာဘရီ အန်ဆာရီက ကြိုဆိုခဲ့သည်။

 

နောင်လာမည့် အနာဂတ်တွင်လည်း ပြည်ပ၌ ပြစ်ဒဏ်ကျခံနေရသည့် အီရန်နိုင်ငံသားများပြန်လွတ် လာမည်ကို မြင်တွေ့ရရန် မျှော်လင့်ကြောင်းနှင့် ထိုသို့လွတ်မြောက်လာ စေရန်အတွက်လည်း ပြည်ထဲရေး ဝန်ကြီးဌာနကအကောင်းဆုံး ကြိုးပမ်းမည်ဖြစ်ကြောင်း အန်ဆာရီက ပြောကြားခဲ့မှုကို အိုင်အက်စ်အင်န်အေ သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

 

အေအက်ဖ်ပီ