အလောင်းတော် ကဿပဘုရား ရာသီဘုရားဖူးလမ်း ဖောက်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ယင်းမာပင်   နိုဝင်ဘာ   ၂၉

 

ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပဘုရား ရာသီဘုရာဖူးလမ်း ဖောက်လုပ် နိုင်ရေးအတွက် ယင်းမာပင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့်အဖွဲ့မှ နိုဝင်ဘာ ၂၈ ရက်နေ့ က ကွင်းဆင်း စစ်ဆေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

အလောင်းတော် ကဿပဘုရားသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများလာရောက်ကြရာတွင် ဘုရားဖူးများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် လမ်းဖောက်လုပ်မှု စတင်ဆောင်ရွက် နိုင်ရန် ကြိုတင်ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကွင်းဆင်းစစ်ဆေးကြည့်ရှုရာတွင် ယင်းမာပင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ ယင်းမာ ပင်မြို့နယ် ခေတ္တ အုပ်ချုပ်ရေးမှူး၊ အလောင်းတော် ကဿပအမျိုးသားဥယျာဉ် အုပ်ချုပ်ရေးအဖွဲ့၊ အလောင်းတော် ကဿပဘုရား (၄)မြို့နယ် ဂေါပကအဖွဲ့များက ဘုရားသွားလမ်းတစ်လျောက် ပြီးခဲ့သည့် မိုးရာသီတွင် လမ်းများ ပျက်စီးအခြေအနေများနှင့် ပြင်ဆင်ဆောင်ရွက်မည့် အခြေအနေများ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

သန်းဌေးအောင်(ကနီ)