၂၀ ဇူလိုင်
တောင်ကိုရီးယားရဲ့ နာမည်ကျော်မင်းသားတစ်ဦးဖြစ်တဲ့ ဂျန်ဟွတ်ခ်ဟာ ရုပ်သံအစီအစဉ်ကို ရိုက်ကူးဖို့ရာ အလက်စကာကို သွားရောက်မှာဖြစ်ပါတယ်။ ရုပ်သံအစီအစဉ်တစ်ခုဖြစ်တဲ့ ''City Fishers'' မှာ ဂျန်ဟွတ်ခ်က ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တာဖြစ်ပြီး ယင်းအစီအစဉ်အတွက် အလက်စကာကို ရိုက်ကူးရေး ခရီး ထွက်ရမှာ ဖြစ်တယ်လို့ စွန်ပီဒေါ့ကွန်းရဲ့ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်မှာတော့ အဆိုပါ ရုပ်သံအစီအစဉ်ကို ထုတ်လွှင့်မယ့် Channal A က အစီအစဉ်သစ်မှာ ဂျန်ဟွတ်ခ် ပါဝင်မှာဖြစ်ကြောင်းနဲ့ အလက်စကာမှာ သွားရောက်ရိုက်ကူးဖို့ရာ စီစဉ်ထားကြောင်း ထုတ်ဖော် ပြောကြားလာတာ ဖြစ်ပါတယ်။ရိုက်ကူးရေးအတွက် ဂျန်ဟွတ်ခ်ဟာ ဇူလိုင် ၂၆ ရက်မှာ တောင်ကိုရီးယားမှ စတင်ထွက်ခွာမှာဖြစ်ပြီး အလက်စကာမှာ ရက်သတ္တတစ်ပတ်ခန့် ရိုက်ကူးရေးလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
''City Fishers'' အစီအစဉ်ဟာ ငါးမျှားဝါသနာပါသူ ကြယ်ပွင့်တွေကို ရိုက်ကူးပြသလေ့ရှိတဲ့ အစီအစဉ်ပါ။ ဒီအစီ အစဉ်မှာ ကမ္ဘာတစ်ဝန်း ငါးဖမ်းဖို့ရာ ကောင်းမွန်တဲ့နေရာတွေ၊ လှပတဲ့နေရာတွေနဲ့လူသိမများသေးတဲ့ ငါးမျှားလို့ ကောင်းတဲ့ နေရာတွေကို ရှာဖွေကာစိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်တာဖြစ်ပါတယ်။ဂျန်ဟွတ်ခ်ဟာ နောက်ဆုံးအနေနဲ့ ''Work of Love'' ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့တာဖြစ်ပြီး မကြာမီမှာတော့ ''Bad Papa'' ဇာတ်လမ်းတွဲသစ်နဲ့အတူ ပရိသတ်ရှေ့အရောက်ပြန်လာမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အေးပြည့်