အလုံ ၂၃ နိုဝင်ဘာ
အလုံမြို့နယ် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်(၁) ဦးပြည့်ဖြိုးအောင်နှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များသည် အလုံမြို့နယ်၊ ငုဝါလမ်းတစ်လျှောက် အမှိုက်ကောက်ခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဒေါ်ယဉ်ယဉ်မြင့်၊ ဒေါ်နွယ်နွယ်ဝင်းတို့နှင့်အတူ အလုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်နှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ပါဝင်ကူညီ ဆောင်ရွက်ပေးကြသည်။
ကိုတင်မောင်ဦး (အလုံ)


