ရန်ကုန် ၂၇ စက်တင်ဘာ
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ (သွားကျန်းမာ) ဒေါက်တာမေသီရိ၊ ပြည်သူ့ကျန်းမာရေးဆရာမကြီး ဒေါ်လှသိန်းယဉ်နှင့် သူနာပြုသားဖွား ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများသည် စက်တင်ဘာ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီချိန်က ဆင်မင်း ရပ်ကွက် စည်ပင်ဝန်ထမ်းအိမ်ရာတွင် ရွေ့လျားဆေးခန်းဖွင့်လှစ်ပြီး ငါးနှစ်အောက်ကလေးသူငယ်များနှင့် လုပ်သားပြည်သူများကို အထွေထွေရောဂါများစစ်ဆေးကုသပေးရာ ဆင်မင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် တာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။
တင်မောင်ဦး (အလုံ)


