အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂,၂၀ဝ ကျော် ဖန်တီးပေးနိုင်မည့် လုပ်ငန်း (၉) ခုအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြု

ရန်ကုန် ၁၁  ဇန်နဝါရီ 

 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ( ၁ / ၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။    

 

အဆိုပါလုပ်ငန်းများတွင် အသားထုပ်ပိုးခြင်းလုပ်ငန်း၊ ဆန်နှင့် ဆန် ဆက်စပ် ထုတ်ကုန်များ ထုတ်လုပ်ရောင်းချ ဖြန့်ဖြူးခြင်းလုပ်ငန်း၊ တိရိစ္ဆာန်အစားအစာ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ကြက်သားပေါက် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အထည် ထုတ်လုပ်ခြင်းလုပ်ငန်း၊ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်းလုပ်ငန်း၊ LPG တင်သွင်းသိုလှောင် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ ကုန်လှောင်ရုံနှင့် ထောက်ပံ့ပို့ဆောင်မှု ဝန်ဆောင်မှုလုပ်ငန်းနှင့် မော်တော်ယာဉ် စက်ပြင်သင်တန်းကျောင်း လုပ်ငန်းတို့ပါဝင်သည်။ အဆိုပါ လုပ်ငန်းများမှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း (၂၂၂၇) ဦး ဖန်တီးပေးနိုင်မည့် လုပ်ငန်း (၉) ခုအား ခွင့်ပြုခဲ့သည်။

 

အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၁၁) ဦး တက်ရောက်ကြသည်။

 

(သတင်းစဉ်)
 

ာိည