အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁,၁၀ဝ ကျော် ဖန်တီးပေးနိုင်မည့် လုပ်ငန်း (၇) ခုအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြု

နေပြည်တော် ၁၅ မတ်

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၄/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် အဖွဲ့ဝင် (၁၁)ဦး တက်ရောက်ကြသည်။

 

mdn

 

အစည်းအဝေးတွင် ဂျပန်ုနိုင်ငံမှ ပန်းမျိုးစေ့ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်း၊ ဟောင်ကောင်မှ ပလတ်စတစ် မိုလ်နှင့် ပလတ်စတစ် အစိတ်အပိုင်းများ (အပိုပစ္စည်း) ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ မြန်မာနိုင်ငံမှ ပလတ်စတစ် ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်း၊ စင်ကာပူနိုင်ငံမှ floating storage unit for storage of LPG as transit point လုပ်ငန်း၊ မြန်မာနိုင်ငံမှ ပညာရေးဝန်ဆောင်မှု လုပ်ငန်း နှင့် hospitality and business management လုပ်ငန်းတို့ကို ခွင့်ပြုပေးခဲ့သည်။

အထက်ပါလုပ်ငန်း(၇) မှ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ (၇၁ ဒသမ ၇၈၆) သန်း နှင့် ကျပ်သန်းပေါင်း (၂,၈၅၄ ဒသမ ၇၄) ရှိပြီး၊ အဆိုပါလုပ်ငန်းများမှ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁,၁၆၁) ဦး ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)