ရန်ကုန်       အောက်တိုဘာ   ၄

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်နေ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အကူအညီလိုအပ်သော ပြည်သူများထံ အိမ်အရောက် သွားရောက် ဆောင်ရွက်ပေးလျက်ရှိသည်။

အင်းစိန်မြို့နယ်၌ အောက်တိုဘာ ၃ ရက်က ပြည်တော်သာကွန်ကရစ်ဂွေ အလုပ်ရုံအနီး အလုပ်သမား တစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး အသင်းရုံးသို့ ရောက်ရှိလာသဖြင့် ကြက်ခြေနီအသင်း (အင်းစိန်) ဥက္ကဋ္ဌ ဦးစည်သူဇော်၊ တပ်ဖွဲ့မှူး ဦးနီထွန်း၊ စေတနာ့ လုပ်အားရှင်များနှင့် တာဝန်ရှိသူများက လူနာအား ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေး လိုအပ်ချက်များကို ကူညီ ဆောင်ရွက်ခဲ့ပြီး လူနာတင်ယာဉ်ကားဖြင့် လှိုင်သာယာဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
 
ဇွဲထက်ကို(ပြန်/ဆက်)