နေပြည်တော် ၁၉ နိုဝင်ဘာ
နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားတိုး တက်စေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရာတွင် စက်ရုံအလုပ်ရုံများ၏ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင် အေးချမ်းသာယာရေး၊ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေး အကျိုးခံစားခွင့်များ ရရှိရေးနှင့် ဆေးဝါးကုသပေးခြင်း၊ ဥပဒေပါရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝ မှန်မှန်ကန်ကန် ရရှိစေရေးတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အနေဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ပုံစံဖြင့် အမျိုးသား (၃၈၃၁)ဦး၊ အမျိုးသမီး (၁၂၀၆၉)ဦး တို့အတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် စုစုပေါင်း(၁၅၉၀၀)ဦး ချုပ်ဆိုခဲ့သည်။ အလုပ်ရှင်/အလုပ်သမား အငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေပေးရန်အတွက် မြို့နယ်များတွင် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များကို ဖွဲ့စည်းထားရှိ ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း လက်ခံရရှိမှု (၉၂)မှုတွင် ကျေအေးမှု(၂၈)မှု၊ ခုံသမာဓိအဖွဲ့သို့ လွှဲပြောင်းမှု (၂၀)မှု ပိတ်သိမ်းမှု (၅)မှုနှင့် ငွေကြေးအကျိုးခံစားခွင့် (၃၉)မှုတို့ဖြစ်ပြီး ငွေကြေးအကျိုးခံစားခွင့်ရှိသူ (၂၁၄)ဦးအား ငွေကျပ် ၉၅,၆၀၂,၃၅၃ ကို ခံစားခွင့်ရရှိစေခဲ့သည်။ ကျွမ်းကျင်လုပ်သားများ ရရှိစေရန် လေ့ကျင့်ပေးခြင်း အနေဖြင့် အောက်ပါအတိုင်းဖြစ်ပါသည်-
အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန အနေဖြင့် အများပြည်သူ အလုပ်ပိတ်ရက်အလုပ်လုပ်ခြင်း၊ လုပ်သက်ခွင့်ကိုငွေကြေးဖြင့် ခံစားခွင့်ပေးခြင်း၊ လုပ်အားခကျန်ငွေမရရှိမှုများ၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်နှင့် မီးဖွားခွင့်များယူရာတွင် ငွေကြေးခံစားခွင့်များရရှိအောင် ဆောင်ရွက်ပေးခဲ့ရာ ငွေကြေးခံစားခွင့် ငွေကျပ်သိန်းပေါင်း ၁၄၀၀၀ ကျော်နှင့် US$ ၂၁၂၇.၅၂ ကို ခံစားခွင့်ပေးနိုင်ခဲ့ပြီး စက်ရုံ/အလုပ်ရုံများတွင် အလုပ်သမားများ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးအသိပညာ ရရှိစေရန်အတွက် မြို့နယ်အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ စစ်ဆေးရေးအရာရှိများက စက်ရုံ/အလုပ်ရုံ (၁၉၅)ရုံမှ အလုပ်ရှင်၊ အလုပ်သမားများအား လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးဆိုင်ရာနှင့် ဥပဒေရေးရာ သိမှတ်ဖွယ်ရာများအား ပညာပေး ဟောပြောပို့ချမှု (၁၇၀) ကြိမ် ဆောင်ရွက်ခဲ့သည်။
အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်ရာ၌ ခုံသမာဓိအဖွဲ့တွင် (၇)မှုနှင့် ခုံသမာဓိကောင်စီတွင် (၆)မှုကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး တရားစွဲဆိုမှု (၁)မှုမှ အလုပ်သမား (၆)ဦးအတွက် ငွေကြေးအကျိုးခံစားခွင့်ငွေကျပ် ၂၂ သိန်းကျော် ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးဥပဒေတွင် အကျုံးဝင်သောစက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေး အကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ရာတွင် ငွေကြေးအကျိုးခံစားခွင့်များ ထုတ်ပေးမှုအနေဖြင့် အာမခံအလုပ်သမားများအား ငွေကြေးအကျိုးခံစားခွင့်များအလိုက် ငွေကျပ်သိန်းပေါင်း ၁၃၀၀၀ ကျော် အကျိုးခံစားခွင့်ပေးခဲ့ပြီး အာမခံအလုပ်သမား ၁၁၅၆ ဦးအတွက် ဆေးဖိုးကုန်ကျငွေကျပ်သိန်း ၁၀၀၀ ကျော် ပြန်လည်ထုတ်ပေးခဲ့သည်။
အာမခံအလုပ်သမားများအား၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်း အလုပ်သမားဆေးရုံကြီးများ၊ လူမှုဖူလုံရေးဆေးခန်းများနှင့် ဌာနကြီးဆေးခန်းများတွင် ဆေးကုသပေးမှုအခြေအနေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-


