နေပြည်တော် ၁၉  နိုဝင်ဘာ

 

နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားတိုးတက်စေရေးကို တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုရာတွင် စက်ရုံအလုပ်ရုံများ၏ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ် သမားများအား လူမှုဖူလုံရေး အကျိုးခံစားခွင့်များ ရရှိရေးနှင့် ဆေးဝါးကုသပေးခြင်း၊ ဥပဒေပါ ရပိုင်ခွင့်များကို ပြည့်ပြည့် ဝဝမှန်မှန်ကန်ကန် ရရှိစေရေးတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနမှ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျှက်ရှိသည်။

 

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာ ချုပ်ပုံစံဖြင့် အမျိုးသား (၂၅၇၆) ဦး၊ အမျိုးသမီး (၄၇၀၉)ဦး တို့အတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် စုစုပေါင်း(၇၂၈၅) ဦးချုပ်ဆိုခဲ့သည်။ အလုပ်ရှင်/အလုပ်သမား အငြင်းပွား မှုများကို ညှိနှိုင်းဖျန်ဖြေ ပေးရန်အတွက် မြို့နယ်များတွင်မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များကို ဖွဲ့စည်းထားရှိဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ အတွင်း အခြားဌာနသို့ လွှဲပြောင်းမှု (၃) မှု၊ ကျေအေးမှု (၄) မှု၊ ခုံသမာဓိအဖွဲ့သို့ လွှဲပြောင်းမှု (၉) မှု၊ ပိတ်သိမ်းမှု(၁၀)မှု၊ ငွေကြေးအကျိုးခံစားခွင့် (၃၂) မှုနှင့် လက်ကျန်အမှု (၄၃) မှု တို့ဖြစ်ပြီး ငွေကြေးအကျိုး ခံစားခွင့်ရှိသူ (၃၇၇) ဦးအား ငွေကျပ် ၁၁၀,ဝ၁၃, ၂၅၁ ၊ ကိုခံစားခွင့်ရရှိစေခဲ့သည်။

 

အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန အနေဖြင့် အများပြည်သူ အလုပ်ပိတ် ရက်အလုပ်လုပ်ခြင်း၊ လုပ်သက်ခွင့်ကိုငွေကြေးဖြင့် ခံစားခွင့်ပေးခြင်း၊ လုပ်အားခ ကျန်ငွေမရရှိမှုများ၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန အနေဖြင့် အများ ပြည်သူ အလုပ်ပိတ်ရက် အလုပ်လုပ်ခြင်း၊ လုပ်သက်ခွင့်ကို ငွေကြေးဖြင့် ခံစားခွင့်ပေးခြင်း၊ လုပ်အားခကျန်ငွေမရရှိမှုများ၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်နှင့် မီးဖွားခွင့်များယူရာတွင် ငွေကြေး ခံစားခွင့်များရရှိအောင် ဆောင်ရွက် ပေးခဲ့ရာ ငွေကြေးခံစားခွင့် ငွေကျပ်သိန်းပေါင်း ၂၈၇၀ ကျော် ကို ခံစားခွင့်ပေးနိုင်ခဲ့သည်။

 

အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွား မှုများ ဖြေရှင်းဆောင်ရွက်ရာ၌ ခုံသမာဓိအဖွဲ့တွင်(၁၂)မှုနှင့် ခုံသမာဓိကောင်စီတွင်(၁၂)မှုကို ဖြေရှင်း ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 

လူမှုဖူလုံရေး အဖွဲ့အနေဖြင့် လူမှုဖူလုံရေးဥပဒေတွင် အကျုံးဝင်သောစက်ရုံ၊ အလုပ်ရုံ များရှိ အလုပ်သမားများအား လူမှုဖူလုံရေးအကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်း များဆောင် ရွက်ရာတွင်ငွေကြေးအကျိုးခံစားခွင့်များထုတ်ပေးမှုအနေဖြင့် အာမခံအလုပ်သမား များအားငွေကြေး အကျိုးခံစားခွင့်များအလိုက် ငွေကျပ် သိန်းပေါင်း ၁၇၆၀ဝ၀ ကျော် အကျိုး ခံစားခွင့်ပေးခဲ့ပြီး အာမခံ အလုပ်သမား ၂၃၈၀၃ ဦး အတွက် ဆေးဖိုးကုန်ကျငွေကျပ်သိန်း ၁၄၃၀ ကျော် ပြန်လည်ထုတ်ပေးခဲ့ သည်။

 

အာမခံ အလုပ်သမားများအား ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလအတွင်း အလုပ်သမား ဆေးရုံကြီးများ၊ လူမှုဖူလုံရေး ဆေးခန်းများနှင့် ဌာနကြီးဆေးခန်းများတွင် ဆေးကုသပေးမှု အခြေအနေ များမှာ  အလုပ်သမားဆေးရုံကြီး (၃)ရုံ ပြင်ပလူနာ ၁၆၇၈ ဦး ၊ အတွင်းလူနာ ၄၀၂ ဦး စုစုပေါင်း  ၂၀၈၀ နှင့် လူမှုဖူလုံရေးဆေးခန်း(၉၆)ခန်း၊ တိုင်းရင်းဆေးခန်း (၁)ခန်း၊ ဌာနကြီး ဆေးခန်း (၅၈) ခန်းနှင့် သားဖွား မီးယပ် (OPD) ဝန်ဆောင်မှုစမ်းသပ်ဆောင်ရွက်ပေး လျက်ရှိ သည့် (၅) ခန်း အပါအဝင်  PPS စနစ်ဖြင့် ဆောင်ရွက်သည့်ဆေးခန်း (၁၄) ခန်းတို့မှ ဆေးကုသ ပေးမှု စုစုပေါင်း  ၄၆၉၆၂ ဦး တို့ဖြစ်ကြောင်း သိရသည်။

 

 (သတင်းစဉ်)