နေပြည်တော် ၂၆ ဇန်နဝါရီ
နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားတိုးတက်စေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရာတွင် စက်ရုံ၊ အလုပ်ရုံများ၏ ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများကို လူမှုဖူလုံရေး အကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်း၊ ဥပဒေပါရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝ မှန်မှန်ကန်ကန် ရရှိစေရေးတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အနေဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ပုံစံဖြင့် ကျား (၃၅၂၅) ဦး၊ မ (၁၀၇၇၈) ဦးတို့အတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် စုစုပေါင်း (၁၄၃၀၃) ဦး ချုပ်ဆိုခဲ့ပါသည်။ အလုပ်ရှင်/အလုပ်သမား အငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေပေးရန်အတွက် မြို့နယ်များတွင် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့များကို ဖွဲ့စည်းထားရှိ ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်း အခြားဌာနသို့ လွှဲပြောင်းမှု (၁) မှု၊ ကျေအေးမှု (၈) မှု၊ ခုံသမာဓိ အဖွဲ့သို့ လွှဲပြောင်းမှု (၂၀) မှု၊ ပိတ်သိမ်းမှု (၁၄) မှု၊ ငွေကြေးအကျိုးခံစားခွင့် (၅၉) မှုနှင့် လက်ကျန် အမှု (၂၉) မှု တို့ဖြစ်ပြီး ငွေကြေး အကျိုးခံစားခွင့်ရှိသူ (၂၇၈) ဦးအား ငွေကျပ် ၁၂၉,၇၅၅,၁၇၆ ကို ခံစားခွင့်ရရှိစေခဲ့သည်။
အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန အနေဖြင့် အများပြည်သူ အလုပ်ပိတ်ရက်အလုပ်လုပ်ခြင်း၊ လုပ်သက်ခွင့်ကိုငွေကြေးဖြင့် ခံစားခွင့်ပေးခြင်း၊ လုပ်အားခ ကျန်ငွေမရရှိမှုများ၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန အနေဖြင့် အများပြည်သူ အလုပ်ပိတ်ရက် အလုပ်လုပ်ခြင်း၊ လုပ်သက်ခွင့်ကို ငွေကြေးဖြင့် ခံစားခွင့်ပေးခြင်း၊ လုပ်အားခကျန်ငွေ မရရှိမှုများ၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်နှင့် မီးဖွားခွင့်များယူရာတွင် ငွေကြေးခံစားခွင့်များရရှိအောင် ဆောင်ရွက်ပေးခဲ့ရာ ငွေကြေးခံစားခွင့် ငွေကျပ်သိန်းပေါင်း ၄၆၀၀ ကျော်ကို ခံစားခွင့် ပေးနိုင်ခဲ့သည်။
အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်ရာ၌ ခုံသမာဓိအဖွဲ့တွင် (၃၆) မှုနှင့် ခုံသမာဓိကောင်စီတွင် (၃၈) မှုကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့သည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးဥပဒေတွင် အကျုံးဝင်သော စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေး အကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ရာတွင် ငွေကြေးအကျိုးခံစားခွင့်များ ထုတ်ပေးမှုအနေဖြင့် အာမခံအလုပ်သမားများအား ငွေကြေးအကျိုးခံစားခွင့်များအလိုက် ငွေကျပ်သိန်းပေါင်း ၄၄၀၀၀ ကျော် အကျိုးခံစားခွင့်ပေးခဲ့ပြီး အာမခံအလုပ်သမား ၁၃၉၉ ဦးအတွက် ဆေးဖိုးကုန် ကျငွေ ကျပ်သိန်း ၁၃၀၀ ကျော် ပြန်လည်ထုတ်ပေးခဲ့သည်။
အာမခံအလုပ်သမားများအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်း အလုပ်သမားဆေးရုံကြီးများ၊ လူမှုဖူလုံရေးဆေးခန်းများနှင့် ဌာနကြီးဆေးခန်းများတွင် ဆေးကုသပေးမှု အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်သည်-
သတင်းစဉ်


