နေပြည်တော်၊ ၁၆ ဒီဇင်ဘာ
နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားတိုးတက်စေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရာတွင် စက်ရုံ အလုပ်ရုံများ၏ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေးအကျိုးခံစား ခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်း၊ ဥပဒေပါရပိုင်ခွင့်များကို ပြည့်ပြည့် ဝဝမှန်မှန်ကန်ကန် ရရှိစေရေး တို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ပုံစံဖြင့် ကျား (၂၅၀၈) ဦး၊ မ (၄၆၇၃)ဦး တို့အတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် စုစုပေါင်း (၇၁၈၁) ဦး ချုပ်ဆိုခဲ့သည်။ အလုပ်ရှင်/အလုပ်သမား အငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေပေးရန်အတွက် မြို့နယ်များ တွင် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များကို ဖွဲ့စည်းထားရှိဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ အတွင်း အခြားဌာနသို့ လွှဲပြောင်းမှု (၁)မှု၊ ကျေအေးမှု (၁၁)မှု၊ ခုံသမာဓိအဖွဲ့သို့ လွှဲပြောင်းမှု (၂၇)မှု၊ ပိတ်သိမ်းမှု (၁၆)မှု၊ ငွေကြေးအကျိုးခံစားခွင့် (၆၄)မှုနှင့် လက်ကျန်အမှု (၃၃)မှုတို့ဖြစ်ပြီး ငွေကြေး အကျိုးခံစားခွင့်ရှိသူ (၂၀၉) ဦးအား ငွေကျပ် ၈၀,၁၆၄, ၄၃၂ နှင့် US$ ၁၀၆၁ ကို ခံစားခွင့်ရရှိစေခဲ့သည်။
အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနအနေဖြင့် အများပြည်သူအလုပ်ပိတ် ရက် အလုပ် လုပ်ခြင်း၊ လုပ်သက်ခွင့်ကိုငွေကြေးဖြင့် ခံစားခွင့်ပေးခြင်း၊ လုပ်အားခကျန်ငွေမရရှိမှုများ၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနအနေဖြင့် အများပြည်သူအလုပ်ပိတ်ရက် အလုပ်လုပ်ခြင်း၊ လုပ်သက်ခွင့်ကို ငွေကြေးဖြင့် ခံစားခွင့်ပေးခြင်း၊ လုပ်အားခကျန်ငွေမရရှိမှုများ၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်နှင့် မီးဖွားခွင့်များယူရာတွင် ငွေကြေးခံစားခွင့်များရရှိအောင် ဆောင်ရွက်ပေးခဲ့ရာ ငွေကြေးခံစားခွင့် ငွေကျပ် သိန်းပေါင်း ၂၆၀၀ ကျော်ကို ခံစားခွင့်ပေးနိုင်ခဲ့သည်။
အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနအနေဖြင့် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများ ဖြေရှင်း ဆောင်ရွက်ရာ၌ ခုံသမာဓိအဖွဲ့တွင်(၃၆)မှုနှင့် ခုံသမာဓိကောင်စီတွင်(၁၂)မှုကို ဖြေရှင်းဆောင်ရွက်ပေးနိုင် ခဲ့သည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးဥပဒေတွင် အကျုံးဝင်သောစက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမား များအား လူမှုဖူလုံရေးအကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်းများဆောင်ရွက်ရာတွင် ငွေကြေး အကျိုးခံစားခွင့်များထုတ်ပေးမှုအနေဖြင့် အာမခံအလုပ်သမားများအားငွေကြေး အကျိုးခံစားခွင့်များအလိုက် ငွေကျပ် သိန်းပေါင်း ၃၀၀၀၀၀ ကျော် အကျိုးခံစားခွင့်ပေးခဲ့ပြီး အာမခံ အလုပ်သမား ၃၃၆၀၄ ဦးအတွက် ဆေးဖိုးကုန်ကျငွေကျပ်သိန်း ၂၂၀၀ ကျော် ပြန်လည်ထုတ်ပေးခဲ့သည်။
အာမခံအလုပ်သမားများအား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်း အလုပ်သမားဆေးရုံကြီးများ၊ လူမှု ဖူလုံရေး ဆေးခန်းများနှင့် ဌာနကြီးဆေးခန်းများတွင် ဆေးကုသပေးမှုအနေဖြင့် အလုပ်သမားဆေးရုံကြီး (၃)ရုံ (ပြင်ပလူနာ ၄၆၉ ဦး ၊ အတွင်းလူနာ ၃၀၂ ဦး) စုစုပေါင်း ၇၇၁ ဦး၊ လူမှုဖူလုံရေးဆေးခန်း(၉၆)ခန်း၊ တိုင်းရင်းဆေးခန်း (၁)ခန်း၊ ဌာနကြီးဆေးခန်း(၅၈)ခန်းနှင့် သားဖွားမီးယပ် (OPD) ဝန်ဆောင်မှု စမ်းသပ် ဆောင်ရွက်ပေးလျက်ရှိသည့် (၅) ခန်း အပါအဝင် PPS စနစ်ဖြင့် ဆောင်ရွက်သည့်ဆေးခန်း (၁၄)ခန်းတို့မှ ဆေးကုသပေးမှုအနေဖြင့် စုစုပေါင်း- ၆၉၈၃၅ ဦးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


