အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ၂၀၁၈ ခုနှစ် သြဂုတ်လအတွင်း အလုပ်သမားရေးရာဆိုင်ရာ ဆောင်ရွက်ချက်များ

နေပြည်တော် ၁၉ စက်တင်ဘာ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနအနေဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ပုံစံဖြင့် အမျိုးသား (၇၄၇၃)ဦး၊ အမျိုးသမီး (၉၆၁၉)ဦးတို့အတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် စုစုပေါင်း (၁၇၀၉၂) ဦး ချုပ်ဆိုခဲ့သည်။ အလုပ်ရှင်/အလုပ်သမား အငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေပေးရန်အတွက် မြို့နယ်များတွင် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များကို ဖွဲ့စည်းထားရှိ ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ် သြဂုတ်လအတွင်း လက်ခံရရှိမှု (၁၅၈) မှုတွင် ကျေအေးမှု (၂၄) မှု၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့သို့ လွဲပြောင်းမှု (၃)မှုတို့ဖြစ်ပြီး ပိတ်သိမ်းမှု (၂၆) မှု၊ ငွေကြေး အကျိုးခံစားခွင့် (၁၀၅) မှုအတွက် ခံစားခွင့်ရှိသူ ၇၃၅ ဦးအားငွေကျပ် ၂၉၇၈၉၀၆၈၃ ကို ခံစားစေခဲ့သည်။ 

အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနအနေဖြင့် အများပြည်သူ အလုပ်ပိတ်ရက် အလုပ်လုပ်ခြင်း၊ လုပ်သက်ခွင့်ကို ငွေကြေးဖြင့်ခံစားခွင့်ပေးခြင်း၊ လုပ်အားခကျန်ငွေမရရှိမှုများ၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်နှင့် မီးဖွားခွင့်များယူရာတွင် ငွေကြေးခံစားခွင့်များရရှိအောင် ဆောင်ရွက်ပေးခဲ့ရာ ငွေကြေးခံစားခွင့် ငွေကျပ် သိန်းပေါင်း ၂၈၀ဝ၀ ကျော် ခံစားခွင့်ပေးနိုင်ခဲ့ပြီး စက်ရုံ/ အလုပ်ရုံများတွင် အလုပ်သမားများ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအသိပညာ ရရှိစေရန်အတွက် မြို့နယ်အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန၊ စစ်ဆေးရေးအရာရှိများက စက်ရုံ/ အလုပ်ရုံ (၅၉၁) ရုံမှ အလုပ်ရှင်၊ အလုပ်သမားများအား လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးဆိုင်ရာနှင့် ဥပဒေရေးရာ သိမှတ်ဖွယ်ရာများအား ပညာပေးဟောပြောပို့ချမှု (၂၉၇) ကြိမ် ဆောင်ရွက်ခဲ့သည်။

အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ခုံသမာဓိကောင်စီမှ အလုပ်သမားရေးရာ အငြင်းပွားမှု (၄) မှုကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး ခုံသမာဓိအဖွဲ့အနေဖြင့် အလုပ်သမားရေးရာ အငြင်းပွားမှု (၂) မှုကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ရာ အလုပ်သမား (၄) ဦးအတွက် ငွေကျပ် ၁၈  သိန်း ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးဥပဒေတွင် အကျုံးဝင်သောစက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေး အကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ရာတွင် ငွေကြေးအကျိုးခံစားခွင့်များ ထုတ်ပေးမှုအနေဖြင့် အာမခံအလုပ်သမားများအား ငွေကြေးအကျိုးခံစားခွင့်များအလိုက် ငွေကျပ်သိန်းပေါင်း ၁၀ဝ၀ဝ ကျော် အကျိုးခံစားခွင့်ပေးခဲ့ပြီး အာမခံအလုပ်သမား ၇၃၄ ဦးအတွက် ဆေးဖိုးကုန်ကျငွေ ကျပ်သိန်း ၇၈၀ ကျော် ပြန်လည်ထုတ်ပေးခဲ့သည်။

အာမခံအလုပ်သမားများအား ၂၀၁၈ခုနှစ်၊ သြဂုတ်လအတွင်း အလုပ်သမား ဆေးရုံကြီးများ၊ လူမှုဖူလုံရေးဆေးခန်းများနှင့် ဌာနကြီးဆေးခန်းများတွင် ဆေးကုသပေးမှု အခြေအနေနှင့်  အလုပ်သမားဆေးရုံကြီး (၃)ရုံ (ပြင်ပလူနာ ၈၇၇၅ ဦး၊ အတွင်းလူနာ ၇၉၂ ဦး) ပေါင်း ၉၅၆၇ ဦး၊ လူမှုဖူလုံရေးဆေးခန်း(၉၆)ခန်း၊  ဌာနကြီးဆေးခန်း(၅၅)ခန်းနှင့် လူမှုဖူလုံရေး - ကဲဝဲလ်ဆေးခန်းနှင့် PPS စနစ်ဖြင့် စာချုပ်ချုပ်ဆိုထားသည့် ဆေးခန်း (၃)ခန်းတို့မှ ဆေးကုသပေးမှုအနေဖြင့်  ၈၃၅၂၀ ဦး၊ အလုပ်သမားဆေးရုံကြီး (၃)ရုံမှ ဆရာဝန်များ ကွင်းဆင်းဆေးကုသပေးမှု (၆)ကြိမ်မှ ၁၃၀ဝ ဦး၊ လူမှုဖူလုံရေးဆေးခန်းများမှ ဆရာဝန်များ ကွင်းဆင်းဆေးကုသမှု (၇၅)ကြိမ်မှ ၁၈၉၉ ဦးတို့ဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)