နေပြည်တော်  ဒီဇင်ဘာ ၂၇

 

အလုပ်သမားဝန်ကြီးဌာန၊ ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါရုံးရှေ့၊ မြက်ခင်းပြင်၌ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးမြင့်နောင်၊ အမြဲတမ်းအတွင်းဝန်နှင့်ဌာ နဆိုင်ရာတာဝန်ရှိသူများကြည့်ရှုအားပေး တက်ရောက်ကြ သည်။

 

ဉီးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးရုံးအပါအဝင် ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ဝန်ထမ်းအချင်းချင်း ချစ်ကြည် ရင်းနှီးမှု တိုးတက်စေရေး၊ ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်သန်းစွမ်းမှုရရှိစေရေး၊ ဝန်ထမ်းအချင်းချင်း ရိုင်းပင်း ကူညီစိတ်များနှင့် စုပေါင်းလုပ်ဆောင်တတ်သည့် အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ယခုပြိုင်ပွဲကို ကျင်းပပေးခြင်းဖြစ်ကြောင်း၊ အားကစားသမားမောင်မယ်များသည် အားကစားစိတ်ဓာတ်အပြည့်ဖြင့် အနိုင်ရရှိအောင်ယှဉ်ပြိုင်ပြီး ဝန်ကြီးဌာနအဆင့် အားကစားသမားများမှတစ်ဆင့် နိုင်ငံတော်အဆင့် ဝန်ကြီးဌာန ကိုယ်စားပြုယှဉ်ပြိုင်နိုင်သည့်  အားကစားသမားများဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားသည်။

 

ယင်းနောက် ဘော်လီဘော (အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲတွင် တတိယဆုရရှိသည့် (အမျိုးသား/ အမျိုးသမီး)အသင်းကို လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးမှူးချုပ်က လည်းကောင်း၊ ဒုတိယဆုရရှိ သည့် (အမျိုးသား/အမျိုးသမီး)အသင်းကို အမြဲတမ်းအတွင်းဝန်ကလည်းကောင်း၊ ပထမဆုရရှိသည့် (အမျိုးသား/အမျိုးသမီး)အသင်းကို ပြည်ထောင်စုဝန်ကြီးကလည်းကောင်း ဆုကြေးငွေနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်