နေပြည်တော်      ဇွန်      ၁၄

အလုပ်သမားဝန်ကြီးဌာန ၂၀၂၂ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၁၄ ရက် နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ ရုံးအမှတ်(၅၁)နှင့် လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)တို့၌ ကျင်းပရာ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်)၌ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့သည် သတ်မှတ်နေရာများတွင် စိန်တစ်လုံး သရက်ပျိုးပင်များကို စိုက်ပျိုးပေးခဲ့ပြီး အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနနှင့် လူမှုဖူလုံရေးအဖွဲ့တို့မှ အရာထမ်း၊ အမှုထမ်းများက စိန်ပန်းပင် ၁၂၀၊ စိန်တစ်လုံးသရက် ၄၂ ပင် စုစုပေါင်း ၁၆၂ ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရုံးအမှတ်(၅၁)တွင် ပြည်ထောင်စုဝန်ကြီးရုံး၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနနှင့် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများ၏ ရွှေသပြေ ၁၀ ပင်၊ စိန်ပန်းပင် ၂၀ ၊ စိန်တစ်လုံးသရက် ၄၅ ပင်၊ တမာပင် ၂၀  စုစုပေါင်း ၉၅ ပင် စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

ယနေ့ပြုလုပ်ခဲ့သည့် ဝန်ထမ်းများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ရွှေသပြေ ၁၀ ပင်၊ စိန်ပန်း ၁၄၀၊ စိန်တစ်လုံး သရက် ၈၇ ပင်၊ တမာ ၂၀ စုစုပေါင်း ပျိုးပင် ၂၅၇ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

သတင်းစဉ်