နေပြည်တော် ဇူလိုင် ၁၃

အလုပ်သမားဝန်ကြီးဌာန ၂၀၂၃ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၌ ကျင်းပသည်။

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က သတ်မှတ်နေ ရာများတွင် စိန်တစ်လုံး သရက်ပျိုးပင်များကို ဦးဆောင်စိုက်ပျိုးပေးကြပြီး ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများက ငုစပ်ပင်နှင့် စိန်တစ်လုံး သရက်ပင်များကို ဆက်လက်စုပေါင်းစိုက်ပျိုးပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းများစုပေါင်း၍ ပျိုးပင်များ စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှု အားပေးသည်။

ယနေ့ပြုလုပ်သည့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ငုစပ် (၂၈)ပင်၊ စိန်ပန်း (၅၂)ပင်၊ စိန်တစ်လုံး သရက် (၂၂)ပင်၊ စုစုပေါင်း ပျိုးပင် (၁၀၂) ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်