ရန်ကုန် ၉ အောက်တိုဘာ

 

၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၅ ရက်သည် နိုင်ငံတကာမျက်မမြင် လမ်းလျှောက်တုတ်နေ့ဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့နှင့် ဒေသအသီးသီးမှ မျက်မမြင်ကျောင်းများ၊ အလုပ်ရုံများမှ မျက်မမြင်များအား ဖိတ်ကြား၍ နိုင်ငံတကာ မျက်မမြင်လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ် လမ်းလျှောက်ပွဲကို ၁၉၉၂ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပပြီး အလှူရှင်များမှ လှူဒါန်းသည့် အလှူငွေနှင့် ပစ္စည်းများကို အချိုးကျမျှဝေလှူဒါန်းပေးလျက်ရှိသည်။

 

ယခုနှစ်တွင်လည်း နိုင်ငံတကာမျက်မမြင်လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ် လမ်းလျှောက်ပွဲကို အစဉ်အလာမပျက် ပြုလုပ်သွားမည်ဖြစ်ရာ အလှူရှင်များအနေဖြင့် ကရုဏာထားမေတ္တာတရားဖြင့် အဝတ်အထည်၊ အစားအသောက်၊ ငွေကြေးများ လှူဒါန်းလိုပါက ဒေါ်နီနီအေး၊ ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်) ဘဏ္ဍာရေးနှင့် ငွေစာရင်းဌာနဖုန်း (ဝ၁-၂၅၁၄၁၇)နှင့် ဦးစစ်မင်းဟန်၊ ဒုတိယညွှန်ကြားရေးမှူး၊ စီမံခန့်ခွဲရေး၊ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာနဖုန်း (ဝ၁-၂၅၂၁၀၄)တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

သတင်းစဉ်