တနင်္သာရီ ၁၅ မေ
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းနှင့် အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် တနင်္သာရီမြို့အဝင် ချောင်းကြီးရပ်ကွက်-ကမ်းနားလမ်း တစ်လျှောက်တွင် မေ ၁၀ ရက်နေ့မှ စတင်၍ လျှပ်စစ်မီးတိုင်များ စိုက်ထူခြင်း၊ လျှပ်စစ်မီးသီးများ တပ်ဆင်ခြင်းတို့ကြောင့် လျှပ်စစ်မီးများ ထွန်းလင်းနေပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းဝေထံမှ သိရှိရသည်။
ကမ်းနားလမ်းသည် မြိတ်မြို့မှ ကားလမ်းအတိုင်းလာလျှင် တနင်္သာရီတံတား၏ တစ်ဖက်ခြမ်းမှ ရှေးဦးစွာ မြင်တွေ့ရသော မြို့၏မြင်ကွင်း(ရှုခင်း)နေရာ ဖြစ်သည်။ လမ်းတစ်လျှောက်တွင် ညအခါ မီးမှောင်နေသဖြင့် တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းမှ လျှပ်စစ်မီးတိုင်တစ်တိုင်၊ တိုင်းဒေသကြီးအမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက လျှပ်စစ်မီးတိုင် နှစ်တိုင်နှင့် အခြားစေတနာရှင်အလှူရှင်(၉)ဦး စုစုပေါင်း အလှူရှင်(၁၁)ဦးတို့က တစ်တိုင်လျှင် ငွေကျပ် ၁၈,ဝ၀ဝ၀ တန်ဖိုးရှိသည့် လျှပ်စစ်ဓာတ်မီးတိုင် (၁၂)တိုင်နှင့် မီးသီးများ စုပေါင်းလှူဒါန်းပြီး (Ptc)ဖိုးသီးချို လျှပ်စစ်ဝန်ဆောင်မှုလုပ်ငန်းမှ မီးတိုင်များ စိုက်ထူပေးခြင်းနှင့် လျှပ်စစ်မီးသီး တပ်ဆင်ပေးခြင်းများကို အခမဲ့ ဝန်ဆောင်မှုပေးခဲ့ကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)


