အမာ ၂၁ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၌ ကိုဗစ်-၁၉ ကာလ စီးပွားရေးအပေါ် ထိခိုက်မှု သက်သာရေးစီမံချက်(CERP)အရ ဖွင့်လှစ်သော တိရိစ္ဆာန် ကျန်းမာရေး စောင့်ရှောက်မှုသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အမာမြို့တွင် လယ်လုပ်ငန်း၊ ဥယာဉ်ခြံလုပ်ငန်းများအပြင် ကြက်၊ ဘဲ၊ ဝက်၊ ဆိတ်နှင့် နွားမွေးမြူရေး လုပ်ငန်းများလည်း ဆောင်ရွက်ကြကြောင်း သိရသည်။
သင်တန်းဖွင့်လှစ်ရခြင်းမှာ ကိုဗစ်-၁၉ကာလ စီးပွားရေး ထိခိုက်မှု သက်သာစေရေးအတွက် မွေးမြူသူ ပြည်သူများ စနစ်တကျမွေးမြူပြီး ဝင်ငွေတိုးတက်ရရှိစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း များတိုးတက်ရရှိစေရန်၊ စားသုံးသူ ပြည်သူများအသား၊ နို့၊ ဥ တို့ကို ဘေးကင်းလုံခြုံစိတ်ချစွာနှင့် လုံလောက်စွာ စားသောက်နိုင်စေရန် မွေးမြူရေးဆိုင်ရာ နည်းပညာများ သင်ကြားပေးခြင်း ဖြစ်ကြောင်း၊ သင်တန်းသား (၂၀) တက်ရောက်ပြီး ၂၁ ရက်မှ ၂၃ ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးသန်းဌေး ထံမှ သိရသည်။
နော်လေး(အမာ)


