အမာ ၂၃ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ နောက်မီးကျေးရွာအုပ်စု၊ မင်္ဂလာသောင်တန်းကျေးရွာတွင် အမာမြို့ ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ၊ ဝန်ထမ်းများက ကျွဲ၊ နွားများ လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက်ပိုင်းတွင် လိုက်လံထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို နောက်မီးကျေးရွာအုပ်စု ၊ မင်္ဂလာသောင်တန်းကျေးရွာတွင် ကျွဲ၊ နွားများ တစ်ပိုင်တစ်နိုင် မွေးမြူထားသောတောင်သူများအနေဖြင့် ကောင်းမွန်သောမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက် စေရန်အတွက် ကျွဲ၊ နွားများလည်ချောင်းကွဲရောဂါ မဖြစ်ရေး ကြိုတင်ထိုးနှံ ပေးရခြင်းဖြစ်ပြီး (၆)လ (၁)ကြိမ် ပုံမှန် ထိုးနှံပေးရကြောင်း၊ ကျွဲ၊ နွားများကို စနစ်တကျ မွေးမြူရေး နည်းစနစ်များနှင့် ကူးစက်ရောဂါများကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေး ကာကွယ်ဆေး ထိုးနှံပေးရန်တို့ကို အသိပညာပေး ပြောကြားခဲ့ကြောင်း အမာမြို့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တာဝန်ခံ ဦးသန်းဌေးထံမှ သိရသည်။
နော်လေး(အမာ)


