အမာမြို့   ညောင်လမ်းငူကျေးရွာ၌ ဆောင်းသီးနှံအဖြစ် မြေပဲများ စတင်စိုက်ပျိုး

အမာ၊ ၁၇ ဒီဇင်ဘာ   

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဆိပ်မကျေးရွာအုပ်စု၊ ညောင်လမ်းငူ ကျေးရွာနေ တောင်သူ ဦးသိန်းထိုက်ဦး၏ လယ်မြေတွင် ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းက  ဆောင်းသီးနှံအဖြစ် မြေပဲများ စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ​မြေပဲများစိုက်ပျိုးမှုကို   တောင်သူ ဦးသိန်းထိုက်ဦး ၏ လယ်မြေဧက(၃)ဧကတွင် တစ်ဧကလျှင် မြေပဲမျိုး(၆)တင်းနှုန်းဖြင့် မြေပဲ(၁၈)တင်းစိုက်ပျိုးခဲ့ပြီး မြေပဲမျိုးကို မျိုးကောင်းမျိုးသန့် ရရှိစေရန်   ဆင်းပဒေသာ ၁၁ မြေပဲမျိုးကို စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

မြေပဲစိုက်ပျိုးနေမှုကို ဖျာပုံမြို့၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်တင်၊ အမာမြို့၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ဦးစီးမှူးဦးအောင်ဖုန်းနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုခဲ့ပြီး စိုက်ပျိုးနည်းစနစ်များကိုလည်း အသိပညာပေးရှင်းလင်းခဲ့ကြောင်း သိရသည်။

 

နော်လေး(အမာ)